Part _ 3

416 10 0
                                    

Part _ 3

"လူကြီးရဲ့ ပုံမှာ အမြဲတမ်း "love react "ပေးတဲ့ ကောင်မလေးတွေကက ဘယ်သူလဲ "

"ဘယ်လိုတွေပတ်သက်လဲ"

"လူကြီးပုံမှာ ဝင်မန့်ထားတဲ့ commentတွေကို ဘာလို့ love react ပြန်ပေးတာလဲ"

"အဲ့ထဲမှာ လူကြီးရဲ့ ကောင်မလေးပါလား"

သူ့စာလေးတွေမြင်တော့ ကျွန်တော်ပြုံးမိသည်။ စိတ်ထဲမှာလည်း သူ့အလိုလို ကြည်နူးလာသည်။

" ဒီကလေးမလေးက ဘယ်လိုလေးပါလိမ့်"

သူကျွန်တော့်ကို သဘောကျနေတာလား မသေချာပေမယ့် ကျွန်ေတာ်ကတော့ သူ့ကို အရူးအမူး ချစ် မိနေတာသေချာနေလေပြီ ။ သူ့ရဲ့ ကလေးဆန်ဆန်စကားလေးတွေရဲ့အောက်မှာ ကျွန်တော်ဒူးထောက်ခဲ့ရလေပြီ။

"သူငယ်ချင်းတွေပါ ကလေးရယ် ဘာမှမဆိုင်ပါဘူး"

"ကောင်မလေးလည်း မပါပါဘူး"

"နေကောင်းအောင်နေနော်"

ကျွန်တော်သူ့အတွက် စာလေးတွေချန်ပြီး ကျွန်တော့်တစ်နေ့တာ အတွက် ပြင်ဆင်ရတော့သည် ။ ကျွန်တော် ဘာပဲလုပ်လုပ် စိတ်နဲ့လူနဲ့ မကပ်တော့ပေ ။ အမြဲတမ်း ဖုန်းကို တကြည့်ကြည့်လုပ်နေမိသည် ။ဖုန်း screenပေါ်က သူ့ပုံလေးမြင်တိုင်း ကျွန်တော့်မှာ ရှက်သလိုလို ရင်ခုန်သလိုလိုနှင့် အမည်မသိသော ခံစားမှုတစ်ခုကို ခံစားနေရသည်။

ကလေးရေ
မင်းကတော့ ဘာရယ်မဟုတ်ဘူး
တီတီတာတာလေးပြောလိုက်တာပဲ
ကိုယ့်မှာ တကယ်ရူးနေပြီသိလား

စိတ်ထဲမှ အကြိမ်ကြိမ် ရေရွတ်ရင်း "ပန်းကလေး"ဆိုတဲ့ အဲ့ဒီကလေးမလေးကို ကျွန်တော် တသသ ဖြစ်နေမိသည်။ ကျွန်တော်ညရောက်မှာကို အရမ်းပျော်သည် ။ သူနဲ့ စကားတွေ အများကြီး ပြောချင်သည်။

ညရောက်သောအခါ သူနဲ့ စကားတွေ အများကြီး ပြောကြသည် ။

"နောက်ဆို ကောင်မလေးတွေဘာမန့်မန့် ပြန်မရေးနဲ့"

'ဟုတ် '

"လူကြီးရဲ့ပုံစံက အရမ်းကိုကြည့်ကောင်းတာ"

"အဲ့ဒါကြောင့် ကောင်မလေးတွေသဘောကျမှာစိုးလို့"

"ခပ်ချေချေပဲနေ သိလား "

ကျွန်တော်ချစ်သော ကလေးငယ် Where stories live. Discover now