Part_7 (ဇာတ်သိမ်းပိုင်း)

625 9 0
                                    

Part_7

"ကိုကို ကလေးငယ်ဗိုက်ဆာတယ်"

မနက်ခင်းတိုင်း ကြားနေကျ ကျွန်တော့်ကလေးငယ်ရဲ့ အသံလေးပင်။ အိပ်ပုတ်ကြီးတဲ့ကလေးလေးက နိုးလာတာနဲ့ ဗိုက်ဆာတတ်တာမို့ ကျွန်တော့်မှာ မနက်အစောကြီး အိပ်ယာထပြီး ကလေးငယ်လေးစားဖို့ ပြင်ဆင်ပေးရသည်။

"အဆင်သင့်ပါပဲဗျာ "

"ဟီးဟီး အဲ့ဒါကြောင့်ချစ်တာ"

ကျွန်တော်ကလေးငယ်ရဲ့ နဖူးလေးကို လက်ဖြင့်တောက်လိုက်သည်။

"အား နာတယ်ကိုကိုရဲ့ ဘာဖြစ်လို့လဲ "

"ကလေးငယ်နော် မျက်နှာမသစ်ဘဲ ဘာလို့ မုန့်တွေကိုင်လဲ ညစ်ပတ်နော်"

ကလေးငယ်လေးက ကျွန်တော့်ကို စပ်ဖြီးဖြီးနဲ့ လျှာလေးထုတ်ပြသည်။

"မစားပါဘူး မုန့်လေးတွေပြင်ထားတာလှလို့ ကိုင်ကြည့်တာ"

"ကလေးငယ်နော် ဖောရှောမလုပ်နေနဲ့ မျက်နှာသွားသစ်"

ကလေးငယ်ကတော့ နှုတ်ခမ်းလေးကိုဆူပြီး ရေချိုးခန်းဆီထွက်သွားတော့သည် ။ ကျွန်တော်က အလိုလိုက်ထားသောကြောင့် ကလေးငယ်လေးဟာ အခုချိန်ထိ ကလေးလေးလိုပင် နေထိုင်သည် ။ "လိုတရ"မဟုတ်တောင် သူအလိုရှိတိုင်း မရရအောင်ဖြည့်ဆည်းပေးတတ်တဲ့ ကျွန်တော့်ကြောင့် ကလေးငယ်လေးဟာ အပူအပင်ကင်းစွာနဲ့ နေ့ရက်တိုင်းမှာ ပျော်ရွှင်နေတော့သည်။

အခုဆိုရင် ကလေးဆန်လွန်းတဲ့ ကလေးငယ်လေးဟာ ကျွန်တော့်သားလေးရဲ့ မေမေပင် ဖြစ်နေလေပြီ ။ ကလေးငယ်က သားသားရဲ့အပေါ်မှာ မိခင်ကောင်းတစ်ယောက်ဆိုပေမယ့် ကျွန်တော့်ရင်ခွင်ထဲမှာ ကလေးလေးတစ်ယောက်လို သားလေးနဲ့အပြိုင် ချွဲနေမြဲဖြစ်သည် ။ အဲ့လိုချွဲခွင့်ကိုလည်း ကျွန်တော်က အပြည့်အဝ ပေးထားပြီးသားဖြစ်သည်။

"ကိုကိုနော် သားသားကို တစ်ခါနမ်းရင် ကလေးငယ်ကို နှစ်ခါနမ်းရမယ်"

သားသားလေးနှင့်အပြိုင် ချွဲနေတတ်တဲ့ ကလေးငယ် ။ သူ့အပေါ်မှာ အချစ်တွေလျော့သွားမှာကို အရမ်းစိုးရိမ်တတ်တဲ့ ကလေးငယ်က ကျွန်တော့်နားကမခွာဘဲ အမြဲတမ်း ကပ်ပြီးချွဲနေတတ်သည်။

ကျွန်တော်ချစ်သော ကလေးငယ် Where stories live. Discover now