Part_6

366 8 0
                                    

Part_6

"ကလေးငယ် ဘာဖြစ်လို့လဲ ကိုကို စိတ်တွေပူလိုက်တာကွာ"

"ကိုကို နဲ့ ချစ်သူဖြစ်တာ အိမ်ကသိသွားပြီ"

"ကလေးငယ်ရယ် ဘာဖြစ်လဲ သူတို့မသိလဲ ကိုကို က ပြောပြမလို့ပဲ"

"သေချာနားထောင် ကလေးလေး "

"ကိုကို ကလေးငယ်ကိုချစ်တာ လက်ထပ်ဖို့ရည်ရွယ်ပြီးချစ်တာနော် ကလေးငယ်က ငယ်သေးလို့ ကလေးငယ်အိမ်ကိုအသိမပေးခဲ့တာ"

"အခု သိသွားတော့ ပိုတောင်ကောင်းသေးတယ် ကိုကိုက ကလေးငယ်ကို တောင်းရမ်းလက်ထပ်ယူမှာပါဗျ"

ကျွန်တော့်ရဲ့ စကားတွေကြားတော့ ကလေးငယ်လေး ငြိမ်သွားသည်။ အင်းပေါ့လေ သူက ကလေးဆိုတော့ လူကြီးတွေသိမှာ ကြောက်ရှာမှာပေါ့ ။

"ကဲ  ကလေးငယ် အိပ်မလား ကိုကို သိပ်မယ်လေ"

"ဟုတ် ကိုကို အိပ်မယ်လေ"

ကျွန်တော်လည်း ကလေးငယ်အကြိုက် ပုံပြင်လေးတွေ ပြောပြီး ချော့သိပ်လိုက်သည်။

သိပ်မကြာခင်မှာ ကျွန်တော် ကလေးငယ်ရဲ့မိဘတွေဆီမှာ ကလေးငယ်ကိုတောင်းရမ်းသည်။ ကလေးငယ်ရဲ့ မိဘတွေကလည်း ကျွန်တော့်အပေါ် ကြည်ကြည်ဖြူဖြူပင်။ ဒီလိုနဲ့ပဲ ကျွန်တော်တို့ရဲ့ အချစ်ခရီးလမ်းလေးသည် သာယာဖြောင့်ဖြူးခဲ့ကြသည် ။ လအနည်းငယ်အကြာတွင် ကလေးငယ်နဲ့ ကျွန်တော်တို့ လက်ထပ်ခဲ့ကြသည်။

ကလေးဆန်လွန်းသော ကျွန်တော့်ပန်းကလေးသည် သတို ့သမီးဝတ်စုံလေးဖြင့် အလွန်ကို ကျက်သရေ ရှိသည်။ မင်္ဂလာပွဲပြီးသောအခါ ကလေးငယ်က ကျွန်တော့်အိမ်မှာလိုက်နေသည်။

"မိန်းမရေ "

ကလေးငယ် ကျွန်တော့်ဆီကို ခြေထောက်လေးဆောင့်ပြီး လမ်းလျှောက်လာသည်။

"ကိုကို ဘယ်သူ့ကိုခေါ်တာလဲ"

"ဗျာ ကလေးငယ်ကိုခေါ်တာလေ ကိုကို့ရဲ့ ဇနီးလေးမို့ မိန်းမလို့ခေါ်တာလေ"

"ဟာ မကြိုက်ဘူးမခေါ်နဲ့ ကလေးငယ်က ကိုကို့ဇနီးမဟုတ်ဘူး ကိုကို့ကလေးလေး ကလေးလေးလိုပဲနေမှာနော် မိန်းမဆိုပြီးလာမချုပ်နဲ့"

ကျွန်တော်ချစ်သော ကလေးငယ် Where stories live. Discover now