လုံခြုံရေးအစောင့်က ခေါင်းဆောင်လီ၏ရှေ့ကသွားကာ လုရိသည် အနောက်ဘက် မနီးမဝေးနေရာမှလိုက်ပါလာသည်။
လှုပ်ရှားတက်ကြွမှုမရှိသောအိမ်တွင်းပုန်းလူတစ်ယောက်အနေဖြင့် ညသန်းခေါင်တွင် တစ်စုံတစ်ယောက်ကိုရှာရန် အင်မတန် ဝန်လေးပါသည်။ ကံမကောင်းစွာပဲ၊ ချိနဲ့စွာဖြင့် အကြိမ်ပေါင်းများစွာ ခုခံငြင်းဆန်သော်ငြားလည်း လီရုန်ဟောက်က ရက်စက်စွာ ဖိနှိပ်ခဲ့သည်။
ခရမ်းသီးတစ်လုံးကဲ့သို့သောလုရိမှာစာရင်းမရှိသော သရဲတစ္ဆေအဖြစ်သို့ ပြောင်းလဲသွားခဲ့ရသည်။သူသည် စကားတစ်ခွန်းမှ မပြောဘဲ သူ့ရှေ့တွင် လူနှစ်ယောက် စကားစမြည်ပြောနေသည်ကို နားထောင်နေခဲ့ရင်း အမှတ်မထင် ခေါင်းကို မော့်လိုက်သော် လမ်းမီးပေါ်ရှိ ကင်မရာကို တွေ့လိုက်ရသည်။
ဗီလာအသိုက်အဝန်းတွင် လုံခြုံရေးအစောင့်များအပြင် စီမံခန့်ခွဲရေး အဆင်ပြေစေရန်အတွက် နေရာများစွာတွင် စောင့်ကြည့်ကင်မရာများ တပ်ဆင်ထားပါသည်။ ပိုင်ရှင်၏ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ကာကွယ်ရန်အတွက် ပိုင်ရှင်၏အိမ်အနီး အချို့နေရာများတွင် စောင့်ကြည့်ရေးကင်မရာများကမဖွင့်ထားပေ။ သူတို့ ခြံဝန်းကို တစ်နေကုန် စောင့်ကြည့်ခံရမည်ကိုမည်သူမှကြိုက်မည်မဟုတ်ချေ။
လီရုန်ဟောက်သည် သူ့ခေါင်းကို လှည့်ကြည့်လိုက်ပြီးသူ့(လုရိ)အကြည့်များအတိုင်းလိုက်ကြည့်ကာ "ဒါက အသုံးမဝင်ဘူး၊ ငါတို့ ဗီဒီယိုကို ချက်ချင်း စစ်ကြည့်ခဲ့တယ်၊ ဒီနေရာက ကင်မရာတော်တော်များများက တကယ်ကို အတုတွေဖြစ်ပြီး သုံးလို့ရတာထက်ပိုပျက်စီးနေတယ်။ အဲ့နေရာတွေကိုဘယ်သူမှမရောက်လာဖူးဘူး။မတော်တဆမှုဖြစ်ခဲ့တဲ့အိမ်ရဲ့ နှစ်နေရာကိုဘဲ မှတ်တမ်းတင်ထားနိုင်ခဲ့တယ်။ ကလေးက အိမ်နောက်ဖေးဘက်မှာ ပျောက်သွားတာ”ဗီလာ၏ လုံခြုံရေးအစောင့်က ချွေးများထွက်ကာ မတူညီစွာပြောပြလာသည်။ "ဟုတ်တယ်... ဘာလို့လဲဆိုတော့ ကျွန်တော်တို့အလုပ်က အတွင်းပိုင်းမှာမဟုတ်ဘူးလေ။ ဒါပေမဲ့လည်း ဒီလိုမျိုးဖြစ်သွားလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။ မစ္စတာကျောက်ရဲ့ ကလေးက ဆိုးသွမ်းတယ်လို့ကျွန်တော်ပြောတာမဟုတ်ဘူး။ ကလေးက ခုနစ်နှစ်၊ ရှစ်နှစ်လောက်ရှိပြီ။ အဲ့သလိုအရွယ်ကလေးတွေက စိတ်ရှုပ်စရာကောင်းတဲ့အရွယ်ဘဲ။ သူတို့တွေမကောင်းတာလုပ်ရင်လူကြီးတွေက ဖမ်းလို့မရဘူး။ အိမ်နီးနားချင်း မွေးမြူထားတဲ့ ငှက်ဆယ်ကောင်ကျော်ကို ကလေးက သတ်ပစ်ခဲ့တယ်။အစပိုင်းမှာတော့ အိမ်နီးချင်းတွေက စစ်ဆေးတာမျိုးလုပ်ပေးဖို့ ကျွန်တော်တို့ကို နေ့တိုင်းနီးပါး တိုင်တန်းကြတယ်။ မိဘတွေ... သူ့အမေကလွဲလို့ ဘယ်သူမှ သူ့ကို မထိန်းနိုင်ဘူး။ မင်းပြောသလို ဒီလိုကလေးလေးကို ဘယ်လိုပြန်ပေးဆွဲသွားနိုင်တာလဲ"
YOU ARE READING
狗 _ Dog [ Myanmar Translation ]
Short StoryTitle - 狗 // Dog Author - Priest Chapters - 8 chapters