လုရိသည် ချန်ဖျင်၏အိမ်ပတ်ပတ်လည်ကို လျှောက်ကြည့်နေသည်။
“ငှားထားတဲ့အခန်းမှာ အဝတ်ဗီရိုကလွဲရင် ပရိဘောဂတွေက အခြေခံအားဖြင့် ခေါက်လို့ရပြီးတော့ ရွေ့လျားလို့ရတယ်။ ဗီရိုက အခြေအနေနဲ့ လိုက်လျောညီထွေမှုလည်း ရှိမနေဘူး။ အိမ်ရှင် ဒါမှမဟုတ် အရင်အိမ်ငှားတွေက ချန်ထားခဲ့တာ ဖြစ်နိုင်တယ်။ ဒါပေမယ့် သူမရဲ့ စီးပွားရေးအဆင့်အတန်းနဲ့ မကိုက်ညီတဲ့ နေထိုင်မှုပုံစံအပြင် လုပ်ငန်းခွင်နဲ့ ဝေးကွာတဲ့ဒီနေရာကို ငှားရမ်းဖြစ်တာ ဘာအတွက်ကြောင့်များလဲ"၎င်းသည်စျေးကြီးပြီး အဆင်ပြေသင့်လျော်မှုမရှိပါချေ။
"ကျောက်လိရှူးက မိုက်မဲပြီး ပိုက်ဆံအများကြီးရှိတာလား" လီရုန်ဟောက်က သူ့နောက်မှထပ်ပြောလိုက်သည်။
"မဟုတ်ဘူး၊ ပိုလေးနက်တဲ့ အကြောင်းပြချက်တစ်ခုရှိတယ်" လုရိသည် အိပ်ခန်းတံခါးကို တွန်းဖွင့်လိုက်ရာ အိပ်ခန်းအတွင်းရှိ ကြမ်းပြင်မှ မျက်နှာကြက်အထိ ပြတင်းပေါက်ကြီးကို မြင်လိုက်ရသည်။ ပြတင်းပေါက်သည် တောက်ပပြီး သန့်ရှင်း၍ အလင်းရောင်ကောင်းစွာရရှိပြီး အင်မတန်လက်ရာမြောက်သော နံရံကပ်ဓာတ်ပုံတစ်ခုရှိနေသည်။ လုရိသည် ၎င်းကို နံရံတွင်တင်လိုက်ပြ္ီး နှံ့စပ်သေချာစွာကြည့်ရှုသည်။ ခဏအကြာတွင် သူသည် ရုတ်တရက် မျက်ခုံးပင့်လိုက်သည်။ "အင်း စိတ်ဝင်စားဖို့ကောင်းလိုက်တာ"
လီရုန်ဟောက်မှာ ကူကယ်ရာမဲ့ဖြစ်သွားရရှာသည်။ "1*ကလေးလေး ကိုယ်ပြောမယ်၊ မင်းကသေတော့မယ့်ပုံစံအတိုင်းဘဲ၊ ဒါကြောင့် မင်းပြောတဲ့စကားလုံးတွေအတိုင်း လိုက်မလုပ်နဲ့ ဟုတ်ပြီလား "
လုရိ၏ မျက်လုံးများသည် မျက်မှန်၏နောက်မှ အကြည့်စူးစူးများထွက်လာပြီး လျစ်လျူရှုမှုမရှိခြင်းအနည်းငယ်ကို ပြသနေသည်။
"စိတ်ပညာဗေဒကျောင်းမှာဆို ဒါက 2*'Box Garden Therapy' လို့ခေါ်တဲ့ ကုသရေးကိရိယာတစ်ခုဖြစ်တယ်။ လူနာက ပိုပြီးအကျိုးသက်ရောက်မှုရှိစေဖို့ လူနာကို သဲစားပွဲကြီးတစ်ခုရှေ့ကို ခေါ်ဆောင်လာလေ့ရှိသည်။ ရွေးချယ်အသုံးပြုစရာ ပစ္စည်းအများအပြားရှိပြီးတော့ ဒီနယ်ပယ်ကအထူးပြုဆရာတွေက သူတို့ရဲ့စိတ်ပညာဆိုင်ရာပရောဂျက်တွေကို သူတို့ရဲ့အလုပ်တွေကနေတစ်ဆင့် ခွဲခြမ်းလေ့လာဆန်းစစ်ကြတယ်။ စိတ်ပညာဆိုင်ရာ ခွဲခြမ်းစိတ်ဖြာလေ့လာမှုဟာ ကြီးမြတ်တဲ့အကပညာတစ်ခုနဲ့ ဆင်တူတယ်လို့ အမြဲထင်နေခဲ့ပေမယ့် တစ်ချို့သီအိုရီတွေကတော့ ကိုးကားစရာအဖြစ်ဘဲ မှတ်ယူလို့ရပါသေးတယ်။ ဥပမာအားဖြင့်၊ ရုပ်ပုံတစ်ပုံရဲ့ ညာဘက်မှာ အကြောင်းအရာအသိစိတ်က အဓိကလွှမ်းမိုးပြီး ဘယ်ဘက်ပိုင်းမှာ မသိစိတ်က လွှမ်းမိုးတယ်လို့ ယုံကြည်ကြတယ်။ ချန်ဖျင်ရဲ့ ဓာတ်ပုံက သူမကိုယ်တိုင်ပြုလုပ်ထားပြီး ညာဘက်အပေါ်ကနေ ဘယ်ဘက်အောက်ခြေကို အစီအစဉ်တကျလုပ်ထားတာဖြစ်တယ်။ ဒါက စိတ်ဓာတ်ကျခြင်းနဲ့ စိတ်အနှောက်အယှက်ဖြစ်ခြင်းရဲ့အမျိုးအစားပုံပေါ်တယ်။ သူမမှာ ယုံကြည်ချက်မရှိဘူး။ ငါရဲ့ ကိုယ့်ကိုယ်ကို အကဲဖြတ်မှုက မမြင့်မားပါဘူး။ ရှုခင်းပုံအထပ်လိုက်ထဲကနေ နေသာတဲ့နေ့အချို့ကို ရှာတွေ့နိုင်ရုံလောက်ပေါ့။ အထူးသဖြင့် အောက်ခြေဘယ်ဘက်ထောင့်၊ အုံ့မှိုင်းမှောင်မိုက်နေတဲ့အခြေအနေက အလွန်သိသာထင်ရှားပြီး နေဝင်ရီတရောအချိန် တောနက်ထဲမှာ ရှုပ်ယှက်ခတ်ဖရိုဖရဲဖြစ်နေတဲ့ သစ်ကိုင်းခက်တွေ အစုလိုက်အပြုံလိုက်နဲ့ အဆုံးသတ်သွားတယ်..."
YOU ARE READING
狗 _ Dog [ Myanmar Translation ]
Short StoryTitle - 狗 // Dog Author - Priest Chapters - 8 chapters