4 - ယောင်္ကျားနှင့်မိန်းမကြားကဆက်ဆံရေး

65 8 0
                                    

တစ်ညလုံးစစ်ဆေး‌ရှာဖွေခဲ့သော်လည်း မည်သည့်အရာမှရှာမတွေ့ခဲ့ပါ။

"ကျွန်တော် မစ္စတာကျောက်ကိုမေးချင်တာတစ်ခုရှိတယ်။"

'ကျောက်' မိသားစုအိမ်တွင်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်သည်။ လီရုန်ဟောက်သည် ဒေသခံအာဏာရှင်အိမ်၏ အလှဆင်မီးဖိုကို မှီထားသည်။ "မနေ့ကနေ့လည်ခင်းမှာ မင်းအိမ်မှာမရှိဘူး။ မင်းဘယ်နေရာသွားပြီး ဘယ်သူနဲ့တွေ့ခဲ့သလဲ။"

ပျောက်ဆုံးနေသောကလေး 1*ကျောက်ရှောင်ဟွာ၏ဖခင်ဖြစ်သူ 2*ကျောက်လိရှူးသည် အံ့အားသင့်သွားသည်။ "ငါကုမ္ပဏီကို သွားတယ်..."

"ဟုတ်လို့လား?" လီရုန်ဟောက်က သူ့ကို အေးစက်စက်အမူအရာဖြင့် ဖြတ်ပြောလိုက်သည်။ "မင်း အဲဒါကို တစ်ကြိမ်လောက် ပြန်စဉ်းစားချင်သေးလား"

လုရိသည် လီရုန်ဟောက်၏ ယင်နှင့်ယန်လေသံ ၊ အထူးသဖြင့် တီဗီဇာတ်လမ်းတွဲတစ်ခုတွင် သူလျှိုတစ်ယောက်ကဲ့သို့ တေးသီခြင်းနှင့် သက်ပြင်းချခြင်း၏နှစ်လိုဖွယ်ရှိမှုကို ခံစားသိရှိရန် သူ့ကို တစ်ချက်ကြည့်လိုက်သည်။

"ငါတကယ် ကုမ္ပဏီကိုသွားတာပါ။" ကျောက်လိရှူးသည် တစ်ညလုံး စိုးရိမ်သောကများဖြင့် ကြောက်လန့်တကြား မောပန်းနွမ်းနယ်နေပုံပေါ်သည်။ စကားပြောနေရင်းဖြင့် သူ့နှာခေါင်းကို ပြင်းပြင်းထန်ထန် ပွတ်သပ်နေသည်။
"ငါ့ရဲ့ အတွင်းရေးမှူးက သက်သေပြနိုင်တယ်၊ သူ့(မ)ကို အတည်ပြုခိုင်းလို့ရတယ်။"

"အတွင်းရေးမှူး" လီရုန်ဟောက်က သံယောင်လိုက်ပြောလိုက်သည်။ သူ့ပါးစပ်မှထွက်လာသော "အတွင်းရေးမှူး" ဟူသောစကားလုံးသည် ကျိန်စာတစ်ခုလိုပင်။

"ဟုတ်တယ်၊ ငါ့ရဲ့အတွင်းရေးမှူး 'မိန်းကလေး ချန်' " ကျောက်လိရှူးက သူ့ဖုန်းလိပ်စာစာအုပ်ကို ထုတ်ယူလိုက်ပြီး "ငါ့မှာ သူ့(မ)ဖုန်းနံပါတ်ရှိတယ်..."

"ဒီ 'မိန်းကလေးချန်'က မင်းရဲ့မျက်မြင်သက်သေမဖြစ်နိုင်တော့မှာကို ငါစိုးရိမ်မိပါတယ်။" လီရုန်ဟောက်က သူ့ကို တည့်တိုးပင်ဖြတ်ပြောလိုက်သည်။ "မင်းနဲ့ သူ(မ)ရဲ့ ပုဂ္ဂိုလ်ရေး ဆက်ဆံမှုက အငြင်းပွားရာအခြေနေဖြစ်နေတယ်။"

狗 _ Dog [ Myanmar Translation ]Where stories live. Discover now