ထိုလူသည် အသက်သုံးဆယ့်ခြောက်နှစ် သို့မဟုတ် သုံးဆယ့်ခုနစ်နှစ်ခန့်ရှိသော အမျိုးသားတစ်ဦးဖြစ်သည်။ သူ၏ဆံပင်နှင့် လက်သည်းများမှာ သပ်သပ်ရပ်ရပ်ဖြစ်၍
အဝတ်အစားကိုလည်း လိုက်ဖက်အောင်ဝတ်ဆင်ထား၍ အင်္ကျီကိုလည်းသပ်ရပ်ကျော့မော့ပြည့်စုံစွာဝတ်ဆင်ထားပြီး သူ့အိမ်ကိုလည်း အညစ်အကြေး ကင်းစင်စွာ ထားရှိထားသည်။ သူ့နံဘေးရှိထိုင်နေသောသူမှာ လီရုန်ဟောက်ပြောဖူးသော ဆရာဝန်ဖြစ်သည်။
ထိုလူက လုရိနှင့် လီရုန်ဟောက်တို့အားပြောလိုက်သည်။
" ထိုင်ကြပါ၊ လက်ဖက်ရည်သောက်ကြပါအိုး... အိုး၊ ငါမိတ်ဆက်ပေးဖို့ မေ့နေတာ၊ ဒါက ဒေါက်တာဝမ်လေ"ထိုလူစကားပြောသောအခါ သူ့မျက်နှာမှာ စစ်မှန်သည့် အပြုံးတစ်ခု ရှိနေပါသည်။
နွေးထွေးပုံမပေါ်သကဲ့သို့ ဘာမှမထူးခြားသလိုပင်ဖြစ်ကာ ခန့်မှန်းထားသည့်ပုံစံကဲ့သို့ပင်ဖြစ်သည်။လုရိက သူ့အခန်းတစ်ခုလုံးကို အကဲခတ်ကြည့်လိုက်ရာ အခန်းထဲမှာ အလှဆင်စရာ ဘာမှမရှိသလောက်ဖြစ်သည်ကို တွေ့လိုက်ရသည်။ ကြမ်းပြင်က ပုံမှန်အဖြူအမည်း ကြမ်းခင်းကြွေပြားများဖြစ်ပြီး လေးထောင့်ပုံစားပွဲတစ်လုံး၊ လေးထောင့်ပုံဆိုဖာတစ်လုံးနဲ့ လေးထောင့်ပုံကော်ဖီစားပွဲတစ်လုံးတို့ရှိသည်။ ကော်ဖီစားပွဲမှာ ရောင်စုံစားပွဲခင်းဖြင့် ဖုံးအုပ်ထားသည်။ လက်ပတ်နာရီနှင့် တိုင်ကပ်နာရီတို့သည်ပင် လေးထောင့်ပုံစံများဖြစ်ကြသည်။
စားပွဲများနှင့် ကုလားထိုင်များမှာ စည်းစနစ်တကျဖြစ်အောင် ပြုလုပ်ထားပုံရသည်။ ၎င်းတို့ကို အောက်ခြေအခင်းပေါ်တွင် တပ်ဆင်ထားပြီး ရွှေ့၍မရပါ။ ထောက်တိုင်လေးချောင်းကို ကြမ်းပြင်နှင့် သပ်သပ်ရပ်ရပ် လိုက်လျောညီထွေဖြစ်အောင် ပြုလုပ်ထားသည်။ စားပွဲပေါ်မှ လက်ဖက်ရည်ခွက်အောက်ခံပန်းကန်သည်လည်း လေးထောင့်ပုံဖြစ်သည်။
ဤသို့ဖြင့်အခန်းတွင်းရှိ လုံးလုံးဝိုင်းဝိုင်းခေါင်းများနှင့် လူအများအပြားသည် အထူးဆွဲဆောင်မှု ရှိပုံပေါ်နေလေသည်။
လုရိမှာ မတွေးဘဲမနေနိုင်တော့ချေ။ "လူတွေမှာ ဘာလို့ ဒီလို ပုံမမှန်တဲ့ ဦးခေါင်းတစ်လုံး ရှိနေရတာလဲ"
YOU ARE READING
狗 _ Dog [ Myanmar Translation ]
Short StoryTitle - 狗 // Dog Author - Priest Chapters - 8 chapters