⬅️Unicode➡️Zawgyi
ᴀ ꜱᴍᴀʟʟ ᴡᴏʀʟᴅ ɪɴ ᴍᴏᴛɪᴏɴ
#24⬅️For Unicode
ဒီနေ့လည်းသူဘဲမနက်ကလာကြိုမယ်ပြောခဲ့တာ...ဘာကိစ္စဒီလိုနေနေတာလည်းJenကိုစကားမပြောချင်ရင်ဘာကိစ္စလာကြိုနေသေးလည်း...
မဟုတ်မှလွဲကောသူJenကိုစိတ်ကုန်နေပြီလား...ရိုးသွားတာလား~~~
ဘယ်နှစ်ရက်တောင်ရှိနေပြီလည်း...ဖုန်းလည်းသူ့ဘက်ကစမဆက်သလိုအိမ်ပြန်လာလည်းJenကိုဂရုမစိုက်ဘူး...ဟိုနေ့ကထဲကဖြစ်နေတာ...သူကဘဲအတင်းနမ်းမယ်ပြင်ပြီးသူကဘဲစိတ်ကောက်ရတယ်ရှိသေးတယ်...ဖြစ်သင့်ရဲ့လား...
စိတ်ဆိုးသင့်တာJenမဟုတ်ဘူးလား...သူသာပေါက်တတ်ကရတွေမပြောဘဲနမ်းမယ်ဆိုJenကငြင်းမယ့်သူလား...ခုတော့သူကဘာသဘောလဲ~~~
တိတ်ဆိတ်နေသောကားထဲမှာဒေါသအနည်းငယ်ပါနေသောသူမ၏အတွေးဆများတစ်ဆထက်တစ်ဆပင်ကြီးထွားလျှက်ရှိနေတယ်,,,
Niniကလေစိတ်ပူအောင်တင်မကဘူး,စိတ်ကမောက်ကမဖြစ်အောင်ကိုသိပ်ကိုလုပ်တာ...ခုလည်းကြည့်စိတ်ဆိုးနေတဲ့အချိန်မှစီနီယာဆိုတဲ့လူကပေါ်လာတယ်...ငြင်းမှာပေါ့အနားကိုအလာမခံနဲ့လေ...
ဒီလူဘာလာလုပ်ပြန်တာလည်း...ဘာကိစ္စNiniနားပြန်ကပ်နေရတာလည်းမကြိုက်ပါဘူးဆိုတာဘာလို့အနားပြန်ထားနေတာလည်း...တူတူတောင်Barထဲကထွက်လာခဲ့တာကကောဘာသဘောလဲ...
သေချာတာတော့ဒီလူမရိုးဘူး...ဒါကိုLisaသေချာပေါက်ရိပ်မိတယ်...
နေပါအုန်း...ခုကငါ့ကိုကြမယုံဘူးအဲ့လူကြယုံနေတယ်အဲ့လိုလား...ဒီလိုကြဟိုလူကအခွင့်အရေးသမားမဟုတ်ဘူးပေါ့...ငါသာလာမကြိုရင်အဲ့လူနဲ့ပါသွားမလားဘဲ...
ဟိုနေ့ကလည်းနမ်းရုံဘဲကိုအဲ့လောက်ထိသွေးပျက်သွားရလား...အတွေးထဲဘာတွေရှိနေတာလည်းသိချင်လို့မယိုးမရွတွေဖြစ်အောင်စလိုက်မိတာ...Lisaအရမ်းလွန်သွားလို့လား...Lisaကိုမယုံဘဲဘာမှမမေးဘဲချက်ချင်းတန်းဆင်းတဲ့Niniကခုတော့တခြားတယောက်နဲ့ဘာကြောင့်စကားပြောတာလည်းပြောတောင်မပြတော့ဘူးလား...ခုအဲ့တာတင်မကဘူးလာမကြိုနဲ့ဆိုပြီးရှောင်ပါနေသေးတာ...
YOU ARE READING
A small world in motion [JENLISA+CHAESOO MYANMAR]Z+U
Fanfiction✦✧ တောင်းပန်ပါတယ် သဘောကျမိခဲ့လို့...အားနာမိပါတယ် ရပ်တန့်လို့မရအောင်ထိချစ်မိသွားခဲ့လို့ ✧✦ ✦✧ တောင်းပန်ပါတယ် သဘောကျမိခဲ့လို့...အားနာမိပါတယ် ရပ်တန့်လို့မရအောင်ထိချစ်မိသွားခဲ့လို့ ✧✦ 7th Fiction❤️ #BLACKPINK MYANMAR #BLINK #Chaesoo #Jenlisa fiction my...