42%

3.4K 233 98
                                    

⬅️Unicode➡️Zawgyi

ᴀ ꜱᴍᴀʟʟ ᴡᴏʀʟᴅ ɪɴ ᴍᴏᴛɪᴏɴ
#42

                ⬅️For Unicode

တစ်ပတ်...တစ်ပတ်ဆိုတဲ့အချိန်ကုန်သွားပေမယ့်အချိန်တွေကမြန်မနေခဲ့ဘူး...တစ်ပတ်ဆိုတဲ့အချိန်ကိုဖြတ်သန်းဖူးပါတယ်...ဒါပေမယ့်Niniနဲ့ဝေးနေရတဲ့ဒီတစ်ပတ်ကတကယ်အကြာဆုံးဘဲ...စိတ်ထဲမှာ၅လလောက်ရှိပြီလို့ထင်တယ်ပြောမိရင်လည်းပိုတယ်ဖြစ်အုန်းမယ်...

ဒါပေမယ့်လည်းတကယ်ကြာသလိုခံစားနေရတာ...ကိုယ်တိုင် မခံစားဘူးရင်တော့Lisaကိုစာနာနိုင်လိမ့်မယ်မထင်မိဘူး...

Niniကလေနေနိုင်တယ်သိလား...စစချင်း၃ရက်လောက်ဘဲသူ့ဘက်ကဖုန်းစဆက်ခဲ့တာ...စိတ်ဆိုးမှာဆိုးလို့ထင်တယ်...စိတ်ဆိုးတာ​မရှိမှန်းလည်းသိရောလူကိုလေထုံးစံတိုင်းပြစ်ထားတော့တာပါဘဲ...

ဖုန်းဆက်ရလည်းLisaဘက်က...ကြာကြာစကားပြောရအောင်တောင်းဆိုရတာလည်းLisaဘက်က...အိပ်ရေးမပျက်အောင်အလိုက်သိပေးရတာလည်းLisaဘက်က...ဖုန်းချသွားလို့နားလည်ပေးရတာလည်းLisaဘက်က...အတွေးတွေလျှောက်မသွားအောင်ထိန်းရတာလည်းLisaဘက်ကကြည်ဘဲ...သူကတော့လေ "လွမ်းတယ်" ဆိုတဲ့စကားလေးဘဲပြောတတ်တာ...Lisaလိုနေတာလွမ်းတယ်ဆိုတဲ့စကားမဟုတ်တာNiniသိမနေပြန်ပါဘူး...အလွမ်းပြေအောင်လုပ်ရတဲ့နည်းကိုလည်းခွင့်မပြုဘူးလေ...လိုက်ခွင့်လည်းမပေးဘူး...ပြန်လည်းမလာနိုင်သေးဘူးတဲ့...ဘာတွေကအဲ့လောက်တောင်ခက်ခဲနေရတာလည်းမတွေးတတ်တော့ဘူးရယ်...စကားကလန်ကဆန်လုပ်မိရင်လည်းစိတ်ကဆိုးပြန်အုန်းမယ်...ဒီလို ခွဲနေရတဲ့အချိန်အတွင်း အရမ်းကြီးသတိရနေရတာLisaဘဲဖြစ်နေတုန်းထင်ပါတယ်...

ခုထိလည်း Niniနဲ့စကားအေးအေးဆေးဆေးမပြောရပါဘူး...လိုက်သွားချင်ပေမယ့်သိတဲ့အတိုင်းဘဲ စိတ်ဆိုးမှာကြောက်ရတယ်...ဟိုတစ်ခါNiniဆေးရုံတက်ရတဲ့ကိစ္စပြီးကထဲကမတွေ့ရတာဆိုတော့ ပြန်တွေ့ရင်လေပထမဆုံးပြန်တွေ့ရမှာမလို့ဦးလေးတို့ကိုကြောက်နေမိပါတယ်...အထူးသဖြင့်အန်တီကိုပါ...ခါးခါးသီးသီးဖြစ်ခဲ့တဲ့Mrs.Kimရဲ့ပုံစံကိုခုထိမေ့မရဖြစ်နေတုန်းပါဘဲ...Niniနဲ့တွဲနေတဲ့အတောအတွင်းလည်းအန်တီကလေသိပ်သဘောကျပုံမရတာရိပ်မိနေပါတယ်...

A small world in motion [JENLISA+CHAESOO MYANMAR]Z+UDonde viven las historias. Descúbrelo ahora