⬅️Unicode➡️Zawgyi
ᴀ ꜱᴍᴀʟʟ ᴡᴏʀʟᴅ ɪɴ ᴍᴏᴛɪᴏɴ
#18⬅️For Unicode
စိုးရိမ်မှုမရှိအိပ်စက်ခဲ့တဲ့ညများကသူမအတွက်ဘူဆန်ရောက်သည့်နောက်ပိုင်းပိုများလာခဲ့တယ်...ထို့သို့ဖြစ်ခဲ့တဲ့အချိန်တွေကိုကျော်လွန်ပြီးသူမစိုးရိမ်စိတ်များ လေးပင်လာခဲ့ပြန်တယ်...အကြောင်းမှာလည်းLisaပါဝင်နေသောLisaအားဦးတည်ထားသည့် "စိတ်ပူနေသည်" ဟူသည့်ခေါင်းစဥ်ကြောင့်သာJennieတစ်ယောက်ထိုကဲ့သို့ဖြစ်နေရခြင်းပင်,,,
ထိုနေ့ကတခြားနေ့များနှင့်မတူဘဲအိပ်ပျော်ချိန်ကသူမအတွက်ညဥ့်နက်ခဲ့တယ်...ထို့ကြောင့်မမျှော်လင့်ထားဘဲ စောစောသာသူမထဖြစ်ခဲ့တယ်...ပုံမှန်လည်ပတ်နေကြပုံစံနှင့်သွေဖယ်၍နေ့တိုင်းကဲ့သို့မဟုတ်ဘဲအနည်းငယ်ပြင်ဆင်ပြီးသူမဦးတည်သွားခဲ့တာကLisaရဲ့Studioဆီကိုပါ,,,
မင်းဘာကြောင့်အိမ်ပြန်မလာတာလည်းLiLi...တစ်ရက်လေး ပြန်မလာတာကိုကလေးတစ်ယောက်ပျောက်သွားသလိုစိတ်မချဖြစ်နေတဲ့ တို့ စိတ်ကိုကောမင်းနားလည်နိုင်ပါ့မလား~~~
Studioရောက်ရောက်ခြင်းအရင်ဆုံးတွေ့ရသူကJisooတစ်ယောက်ထဲကိုပါ,,,
-Unnie...LiLiလာပြီလား...
-အယ်...နေမကောင်းလို့ဆိုမနက်ကဖုန်းဆက်တာ...အိမ်မှာရှိနေတာမဟုတ်ဘူးလားJen...
-ဟို...Jenတို့သီးသန့်စကားပြောလို့ရမလားUnnie...Jenအကူညီတောင်းစရာလေးရှိလို့...
-ရတယ်လေ...
မကြာမှီသူမတို့နှစ်ယောက်ရောက်ရှိသွားသောStudioရဲ့မလှမ်းမကန်းမှ ကော်ဖီဆိုင်လေးကသူမတို့ သီးသန့်စကားပြောရန်လုံ့လုံ့လောက်လောက်လူရှင်းပြီးတိတ်ဆိတ်နေတယ်,,,
-ဒါဆိုညကအိမ်ပြန်မလာဘူးလား...
-ဟုတ်တယ်...Jenဖုန်းဆက်ကြည့်တယ်...ဆက်တော့လည်းမကိုင်ဘူး...ဘာလုပ်ရမှန်းလည်းJenမသိတော့လို့...ဟို...Liဘယ်မှာရှိနိုင်လဲဟင်...
Lisaကစိတ်ဆိုးတာတဲ့လား...ဖြစ်မှဖြစ်ရလေLisaရယ်...စိတ်ရှည်ပါတဲ့ဆိုတဲ့လူလိမ္မာလေးကမလိုက်မဖက်စိတ်ဆိုးတတ်နေပြီတဲ့လား...Jennie Kim ကိုမှရွေးပြီးတဲ့လေ...
KAMU SEDANG MEMBACA
A small world in motion [JENLISA+CHAESOO MYANMAR]Z+U
Fiksi Penggemar✦✧ တောင်းပန်ပါတယ် သဘောကျမိခဲ့လို့...အားနာမိပါတယ် ရပ်တန့်လို့မရအောင်ထိချစ်မိသွားခဲ့လို့ ✧✦ ✦✧ တောင်းပန်ပါတယ် သဘောကျမိခဲ့လို့...အားနာမိပါတယ် ရပ်တန့်လို့မရအောင်ထိချစ်မိသွားခဲ့လို့ ✧✦ 7th Fiction❤️ #BLACKPINK MYANMAR #BLINK #Chaesoo #Jenlisa fiction my...