⬅️Unicode➡️Zawgyi
ᴀ ꜱᴍᴀʟʟ ᴡᴏʀʟᴅ ɪɴ ᴍᴏᴛɪᴏɴ
#44⬅️For Unicode
-JiJi...ထလို့ရပြီ...
မနက်စောစောကြားလိုက်ရတဲ့သူ့အသံကြောင့်Sooထပ်အိပ်ဖို့ဘဲပြန်တွေးလိုက်တယ်...မျက်လုံးတွေအနားပေးဖို့လိုအပ်တယ်လေSooငိုထားမိပြီးခဲ့ပြီ...နောက်ပြီးအိပ်ရေးဝမှဖြစ်မယ်...မဟုတ်ရင်ဒီလိုအိမ်မက်တွေSooထပ်မယ်လိမ့်မယ်ထင်တယ်...သူအနားမှာရှိနေသလိုထင်ယောင်ထင်မှားတွေလေ...Sooစိတ်ကိုအရမ်းကိုဘဲပင်ပန်းစေတာပါ...လွမ်းမိအောင်အထိဘဲ...
ရှူနေရတဲ့အသက်ရှူသံမှန်မှန်လေးဟာလည်းသက်ပြင်းချသံများတိတ်တဆိတ်ရောထွေးလျှက်ပါ,,,
-JiJi...ဒီနေ့အလုပ်မသွားတော့ဘူးလား...
ကြားနေရတဲ့အသံကိုSooမုန်းနေမိတယ်...ဘာကြောင့်လဲဟင်...ဘာကြောင့်အကျင့်တစ်ခုကိုဖျောက်မရရတော့တာလည်း...ပြောတော့အကျင့်တစ်ခုဆိုလေ့ကျင့်ဖို့၃ပတ်ဘဲကြာတယ်ဆို...ခုထိဒီအကျင့်ကမပျောက်တော့ဘူးလား...Sooသူ့ကိုလေအဲ့လောက်ကြီးထိမစွဲလမ်းချင်တော့ဘူး...
-JiJiထတော့လေ...
နွေးကထဲဖျက်ဝင်လာတဲ့ကိုယ်ငွေ့လေးဟာအိပ်ယာထဲစောင်းလျက်ဖြစ်နေတဲ့သူမရဲ့ကျောပြင်လေးဆီကိုပါ...နီးကပ်စွာရှိနေသည့်အရာဟာဖက်ခြင်းဟုခေါင်းစဥ်တပ်မရသောထိတွေ့မှုမရဲတရဲလေးနှင့်ပင်...ထိုအရာဟာလည်းသူမကိုခုထိတိုင်အိမ်မက်ဟုသာအထင်မှားနေခြင်းပါ,,,
အိမ်မက်ဟာဒီလောက်ထိဘဲနွေးစရာလိုလား...ဒါမှမဟုတ်အိမ်မက်မဟုတ်တာလား~~~
-အာ့...
ကုတင်ပေါ်မှအရှိန်ဖြင့်ဖြုတ်ကျသူဟာChaeyoungပါ...ထိုသို့ဖြစ်အောင်ကန်ထုတ်လိုက်သူမှာလည်းJisooပင်ဖြစ်ဆဲ,,,
-မင်းဟာလေအမှတ်မရှိဘူးဘဲ...
အောက်သို့ပက်လက်ပြုတ်ကျကာဖင်အားတဖိဖိဖြင့်နာကျင်နေဟန်သူမဟာ ပြောစရာစကားပျောက်နေလျှက်ပါ,,,
-မကြားတာလားမင်း...ထွက်သွားငါ့ရှေ့က...အိမ်ထဲထိဝင်ရအောင်မင်းနဲ့ငါကဘာပက်သတ်မှုရှိနေလို့လည်း...
YOU ARE READING
A small world in motion [JENLISA+CHAESOO MYANMAR]Z+U
Fanfiction✦✧ တောင်းပန်ပါတယ် သဘောကျမိခဲ့လို့...အားနာမိပါတယ် ရပ်တန့်လို့မရအောင်ထိချစ်မိသွားခဲ့လို့ ✧✦ ✦✧ တောင်းပန်ပါတယ် သဘောကျမိခဲ့လို့...အားနာမိပါတယ် ရပ်တန့်လို့မရအောင်ထိချစ်မိသွားခဲ့လို့ ✧✦ 7th Fiction❤️ #BLACKPINK MYANMAR #BLINK #Chaesoo #Jenlisa fiction my...