28%

2.8K 239 54
                                    

⬅️Unicode➡️Zawgyi

ᴀ ꜱᴍᴀʟʟ ᴡᴏʀʟᴅ ɪɴ ᴍᴏᴛɪᴏɴ
#28

⬅️For Unicode

-LiLi...မင်း ! တကယ်လား...

-တောင်းပန်ပါတယ်Nini...

ရီလိုက်မိတယ်...ရီတာကလွဲပြီးJenဘာမှမလုပ်ဖြစ်ခဲ့ဘူး...ပြောစရာစကားတွေကလည်းဗလာနိတ္ထိဘဲ...အခုLiLiပြောတဲ့တောင်းပန်ခြင်းဆိုတာကတနည်းအားဖြင့်ဝန်ခံလိုက်တာမျိုးမလို့ပါ...

စနစ်တကျလိမ်ထားခဲ့တာကိုJenကသေချာအကွက်ကျကျဝင်သွားခဲ့တာပေါ့...Jenကသူ့လိမ်တာမသိအောင်ထိလွယ်နေခဲ့လို့လား~~~

-တောင်းပန်ပါတယ်...

ဆေးရုံတက်ခဲ့ရပေမယ့်ကားမမှောက်ခဲ့ဘူး...မတော်တဆမဖြစ်ခင်JoonကောLiLiအနားမှာရှိနေခဲ့တယ်...Joonထွက်သွားတဲ့အကြောင်းကကောဘာအတွက်လဲ...LiLiရှိနေမှန်းသိရင်ဆိုတာကကောဘာစကားလည်း...ဒီကိစ္စကိုကားမှောက်တာပါဆိုပြီးလိမ်ထားခဲ့တဲ့ဖေဖေတို့ကကောဘာကြောင့်လည်း...ဘာလဲငါJoonနဲ့ပြန်တွဲနေခဲ့တာလား...

တွေးရင်စိတ်ရှုပ်လာမိတယ်...ဘာတွေလည်းLiLiရယ်~~~

ဖမ်းဆုပ်ထားလိုက်မိတဲ့လက်ကလေးဟာအေးစက်နေခဲ့တယ်...နွေးထွေးစေချင်လို့ခဏခဏထွေးပွေ့ယူထားခဲ့ဖူးပေမယ့်လောလောဆယ်တော့ဒီလက်ကလေးကအေးစက်မှုနဲ့စိမ်းကားမှုဆိုတာတွေLisaတွက်ပါပါလာနေတုန်း...

Liကောင်းကောင်းကြီးသိပါတယ်ဒီကိစ္စမှာLiLiဘက်ကမှားတယ်ဆိုတာ~~~

-တောင်းပန်ပါတယ်...LiLiရည်ရွယ်ခဲ့တာကောင်းစေချင်တာကြောင့်ပါ...အရမ်းစွတ်ဖက်သလိုဖြစ်သွားခဲ့တယ်...ဒီအတွက်လည်းLiLiတောင်းပန်ပါတယ်...တောင်းပန်ပါတယ်နော်Nini...

ငြင်းဆန်ခြင်းမရှိတဲ့Niniကခနဲ့တဲ့အကြည့်မျိုးနဲ့ရီနေတုန်း...ဒီအကြည့်တွေကိုတွေးထားဖူးပေမယ့်အခုတော့ပိုကြောက်နေမိတယ်...အထူးသဖြင့်Niniပြောင်းလဲသွားမှာမျိုးပေါ့...

-Liတကယ်တောင်းပန်နေတာပါ...

-ဒီစကားကိုဘယ်နှကြိမ်ထိပြောမှာလည်းLi...ဝိုင်းပြီးအရူးလုပ်ခံရတဲ့လူကိုအသိပေးနေသလိုနဲ့ဘယ်နှကြိမ်ထိမင်းပြောနေမှာလည်း...

A small world in motion [JENLISA+CHAESOO MYANMAR]Z+UWhere stories live. Discover now