⬅️Unicode➡️Zawgyi
ᴀ ꜱᴍᴀʟʟ ᴡᴏʀʟᴅ ɪɴ ᴍᴏᴛɪᴏɴ
#30⬅️For Unicode
လွန်ခဲ့သောတစ်နှစ်ကျော်က,,,
ရှယ်ယာစျေးရုတ်တရက်ထိုးကျသွားတာကြောင့်Kimလုပ်ငန်းစုဟာ ယခုဆိုဒေဝါလီခံရမယ့်အခြေအနေပါ...တစ်ချိန်ကလုပ်ငန်းရှင်အများအပြားသဘောတွေ့ခဲ့ပြီးအောင်မြင်မှုခိုင်ခိုင်မာမာဖြင့်ရပ်တည်ခဲ့တဲ့ဒီလုပ်ငန်းဟာ ယခုလိုထင်မှတ်မထားရအောင်ထိဖြစ်သွားရတာကဘာအကြောင်းကြောင့်များပါလည်း...×××××.......
-ဘာတွေလည်း ဘယ်လိုဖြစ်ရတာလည်း...
သတင်းထူးတစ်ခုကိုသဲကြီးမဲကြီးလူစိတ်ဝင်စားအောင်ပြောပြနေတဲ့ထိုတင်ဆက်သူကိုသူမ ကြည့်မရခဲ့ပေ...အပြင်မှာသာဆိုပါးဆွဲရိုက်မည်ဟူသည်ထိသူမတွေးနေဟန်ပါ...သို့သော်Tvမှထိုသတင်းကိုသူမအံ့သြစွာနှင့်လက်မခံနိုင်ဘဲရပ်သာကြည့်နေမိတယ်,,,
-သမီးလိုအပ်တာတွေထည့်ဖေဖေတို့မနက်ဖြန်မနက်ခရီးထွက်မှရမယ်...
အိမ်သို့ရေးကြီးသုတ်ပြာရောက်လာသောMr.Kimနှင့်ဝန်ထမ်းတချို့ကပြာတိပြာရာဖြင့်သာ,,,
-မဟုတ်သေးဘူးလေဖေဖေ...
-ဘာမှမမေးနဲ့...အထွန့်မတက်နဲ့Jen...ဒါဖေဖေ့အမိန့်ဘဲ...
-သမီးကိုအေးအေးဆေးဆေးပြောပါရှင်...
-ခုကအေးဆေးပြောနေရမယ့်အခြေအနေလားကွ...
သူမရဲ့မိခင်ဆွဲခေါ်သွားတာကြောင့်အခန်းအပြင်ထိသူမရဲ့ဖခင်ဖြစ်သူပါသွားခဲ့တယ်...Mr.Kimနဲ့Mrs.Kimကတော့အနည်းငယ်စကားများငြင်းခုန်ကြရင်းသာ,,,
သွားရတော့မှာလား...တကယ်ဘဲငါတို့ဘဝတွေသွားပြီလား...ရှယ်ယာစျေးထိုးကျသွားတယ်ဆိုတော့ ငါဘာလုပ်ပေးနိုင်မလည်း...Jennie Kimစဥ်းစားစမ်း...အကူအညီတစ်ခုခု~~~
အကို...ဟုတ်ပြီ...အကို ရှိနေတာဘဲ...
-Hello...
-Janeမင်းဘယ်မှာလည်း...အကိုစိတ်ပူနေတာမင်းအဆင်ပြေရဲ့လား...
-အကို သတင်းတွေတွေ့ပြီးလောက်ပြီရောပေါ့...
-စိတ်အေးအေးထားနော်Jane...အကို ဒါတွေဂရုမစိုက်ဘူး...အခုဦးလေးတို့နဲ့ဘဲနေ ဘယ်မှမသွားပါနဲ့ အကို မင်းကိုလာခေါ်မယ်...အခြေအနေတွေအကုန်အဆင်ပြေအောင်အကိုကြိုးစားပေးမယ်ဒီညလာခေါ်မယ်...အသင့်ပြင်ထားပေးပါJane...
YOU ARE READING
A small world in motion [JENLISA+CHAESOO MYANMAR]Z+U
Fanfiction✦✧ တောင်းပန်ပါတယ် သဘောကျမိခဲ့လို့...အားနာမိပါတယ် ရပ်တန့်လို့မရအောင်ထိချစ်မိသွားခဲ့လို့ ✧✦ ✦✧ တောင်းပန်ပါတယ် သဘောကျမိခဲ့လို့...အားနာမိပါတယ် ရပ်တန့်လို့မရအောင်ထိချစ်မိသွားခဲ့လို့ ✧✦ 7th Fiction❤️ #BLACKPINK MYANMAR #BLINK #Chaesoo #Jenlisa fiction my...