1

303 18 0
                                    

နေရာတိုင်းက တောက်ပမှုတွေနဲ့ ပြည့်နေတယ်
ဒီလိုနေရာ ကို ကြီးကျယ်ခမ်းနားမှုတွေနဲ့
ပြည့်နေတယ်လို့ ဆိုကြပေမယ့်
Jung Jaehyunအတွက်ကတော့
သိပ်ကိုစိတ်ညစ်ညူးဖွယ်ကောင်းတဲ့
နေရာ တစ်ခု ပဲ

ညနေကတည်းက ပါတီပွဲနှစ်ခု ဆက်တိုက်
တက်လာရပြီး လာနှုတ်ဆက်သမျှလူတွေကို
တိုင်ခံ နားထောင်ပေးနေရတာ သူသိပ်စိတ်ညစ်
တယ် သိပ်လည်းစိတ်ရှုပ်တယ်
သိပ်စိတ်ရှုပ်ဖို့ ကောင်းတဲ့ ရေမွှေးနံ့အပြင်းစား
တွေကို မုန်းတယ် ညို့ဓာတ်တွေ ကိန်းနေတဲ့
မျက်လုံးတွေကို လည်း သူက မုန်းတယ်
ဒါပေမယ့် သူ့မှာ ရွေးချယ်စရာမရှိဘူး
သူက Company တစ်ခုကို ဦးဆောင်
ရတော့မယ့် လူတစ်ယောက် ဖြစ်နေပြီ
သူက ငြိမ်သက်စွာပဲ ထိုင်နေတာကြောင့်
သူ့မျက်နှာက နဂိုထက် ပိုတည်နေမှာ
အသေအချာပဲ အိမ်ပြန်ချင်ကြောင်း
သူ့ဒယ်ဒီကို ပြောချင်ပေမယ့် သူ့ဒယ်ဒီရဲ့
ဆုံးမစကား တစ်သီတသန်းကြီးကို
နားထောင်ရမှာမျိုးတော့ လုံး၀ အဖြစ်မခံနိုင်ပါ
ဒါ့ကြောင့် သူက hallကြီးကို တစ်ချက်
ဝေ့ကြည့်လိုက်ရင်းကနေ သူ့မျက်လုံးလေးက
တစ်စုံတစ်ခုကို ဖြတ်ခနဲ မြင်လိုက်တယ်

အရောင်ပြိုးပြိုးပြက်ပြက်တွေ ကြားကနေ
တလှမ်းပြီး တလှမ်းပြီး ထွက်သွားနေတဲ့
ဂျင်းပြာ လေး
Jaehyunက သိပ်ကိုစိတ်၀င်စားသွားသည်
သိပ်ကိုရိုးရှင်းတဲ့ မြင်ကွင်းလေးက သူ့ကို
စွဲဆောင်ထားသည် သူက သူ့ကိုယ်သူ
မသိလိုက်ခင်မှာပဲ ဘာကိုမှ သတိမရတော့ပဲ
ထိုဂျင်းပြာလေးနောက်ကိုလိုက်သွားတော့၏

ထိုဂျင်းပြာလေးက hallကြီးရဲ့ အပြင်ကို
ရောက်လာတော့ အနောက်ကိုတစ်ချက်
လှည့်ကြည့်ပြီး သူ့ရဲ့ လမ်းကြောင်းကို
ခြံပြင်ကိုမဟုတ်ပဲ သီးသန့်တည်ဆောက်ထားပုံ
ရတဲ့ လသာဆောင်လေး ဆီ ဦးတည်
သွားနေ၏ Jaehyunကိုယ်တိုင်ကလည်း
အညို့ခံထားရတဲ့ လူတစ်ယောက်လို
နောက်ကနေ တောက်လျှောက်ကို လိုက်သွားတော့၏

ထိုလသာဆောင်ပေါ် Jaehyunက တက်
သွားတော့ မြင်ကွင်းကသိပ်ရှင်းလင်းနေသည်
ဂျင်းပြာလေး မပြောနဲ့ သက်ရှိဆိုလို့ ဘာမှ
ရှိမနေပါ Jaehyun က မျက်မှောင်ကြုတ်မိ
ရင်းနောက်ပြန်လှည့်မလို့ ကြံပေမယ့်
ထွက်လာတဲ့ အသံလေးကြောင့် ပြုံးတောင်
ပြုံးမိတော့မလိုပင်

Make You MineWhere stories live. Discover now