3

174 21 0
                                    

"ဒါဆို Jeno အကို ညကြမှပဲ သီးသန့်file
တွေ ပို့ပေးလိုက်တော့မယ် "

"ကောင်းတာပေါ့ဗျာ Jaehyun hyung
ကတော့ တကယ် သိပ်ကိုတော်တာပဲ ကျွန်တော်
hyung နဲ့ အတူအလုပ်တွဲလုပ်ရတာ
သိပ်၀မ်းသာတယ် "

Jenoက လည်း အသက်ငယ်ငယ်နဲ့
အဖေဖြစ်သူရဲ့ နေရာကို ဆက်ခံဖို့ ကြိုးစား
နေတဲ့ ကောင်လေးပဲ ဖြစ်၏
ခုကတော့ Jaehyunက Jenoတို့ Company
ကိုရောက်နေတာ ဖြစ်ပြီး projectတစ်ခု
အတွက် လာရောက်ဆွေးနွေးနေတာပဲဖြစ်၏

သူတို့နှစ်ဦးက စကားတပြောပြောနဲ့ လမ်း
လျှောက် လာရင်း ပြောနေကြတာဖြစ်တာကြောင့်
တစ်နေရာအရောက်မှာတော့ Jaehyunရဲ့
မျက်၀န်းလေးတွေက တန့်သွားသလို
ခြေလှမ်းတွေကပါ ရပ်သွား၏ ရပ်သွားတာနဲ့
Jenoကပါ လိုက်ရပ်လာပြီး Jaehyunကြည့်နေတဲ့
ဘက်ကို လိုက်ကြည့်လာသည်

သူ့ရဲ့ ယုန်ပေါက်လေးက ခပ်လှမ်းလှမ်းက
ခုံမှာ ထိုင်နေပြီးး ဖုန်းကြည့်နေပုံရသည်
သူ့ရဲ့ ရင်တွေကတုန်လာတယ်လို့တောင်
ခံစားနေရတယ် ဟိုည ပြီးကတည်းက
မတွေ့ဖြစ်တာ သိပ်ကိုကြာနေပြီးခါမှ လေ
သူက အခွင့်အရေးကို အမိအရ ဆုပ်ကိုင်ဖို့
ဆုံးဖြတ်လိုက်ပြီး

"ဒါဆို အကို့ကို ခွင့်ပြုဦးနော် Jeno
နောက်နေ့မှ ဆုံကြတာပေါ့ "

"ဟုတ်ကဲ့ ဂရုစိုက်ပြန်ပါ Jaehyun hyung"

Jaehyun က နှုတ်ဆက်ပြီးတာနဲ့ပဲ
ထိုနေရာလေးဆီ ခြေလှမ်းကျဲကြီးတွေနဲ့
လျှောက်လိုက်ရင်းးး ထိုသူ့ရှေ့မှာ ရပ်နေလိုက်၏
သူလာရပ်တော့ Doyoungက ဖုန်းကနေ
အကြည့်ခွာလာကာ သူ့ကို မော့ကြည့်လာ၏
ပြီးတာနဲ့ အံ့ဩသွားပုံရပြီး ချက်ချင်း
မတ်တပ်ရပ်လာ၏

"ကျွန်တော်တို့ ထပ်တွေ့ကြပြန်ပြီ"

"Jaehyun ငါတို့ တော်တော် တိုက်ဆိုင်တာပဲ"

"ဟုတ်ပါရဲ့ ကျွန်တော်က hyungနဲ့ ထပ်တွေ့ချင်
နေတာ "

"ငါနဲ့?"

"အင်းး  နေ့လည်စာ လိုက်ကျွေးချင်လို့လေ
အဆင်ပြေရဲ့လားး"

Doyoung က ခနလောက် စဉ်းစားပြီးခါမှ

"အိုခေလေ မင်းငါ့ကို၀ယ်ကျွေးမယ်ဆိုတော့
လက်မခံစရာအကြောင်းမရှိပါဘူး သွားကြစို့
ငါဆိုင်ကောင်းကောင်းသိထားတယ် "

Make You MineWhere stories live. Discover now