"လုံး၀မလွတ်စေနဲ့ မိအောင် လိုက်!"
အော်သံ နက်နက်ကြီး နဲ့အတူ ခြေသံတဗုန်းဗုန်း
တွေကပါ ထွက်ပေါ်နေ၏
Jaehyun နဲ့ Doyoung ခဗျာမှာ
တစက္ကန့်တောင် မရပ်ရဲပဲ လှည့်ပတ်ပြီး
ပြေးနေရ၏ နှစ်ယောက်လုံး အပြေးသန်နေလို့
သာ တော်တော့တယ် မဟုတ်ရင် ခုချိန်ဆို
မနက်ဖြန် ထွက်မယ့်နေကိုတောင် မြင်ရမှာ
မဟုတ်လောက်ဘူးး
ပြေးနေရင်းကနေပဲ Doyoungက
Jaehyun ကို တောင်းပန်လိုက်သေးသည်"တောင်းပန်တယ် Jaehyun "
ဟုတ်ပါတယ် Jaehyunက သူ့နာမည်ကို
Doyoungကို ပြောပြလိုက်ပြီပဲဖြစ်ပါ၏"လောလောဆယ် သူတို့ကို အမြန် မျက်ခြေဖြတ်
ရမယ် "သူတို့နှစ်ယောက်က အတိုင်အဖောက်
ညီညီပဲ အမောတကောနဲ့ ကွေ့ဝိုက်ပြီးကို
ပြေးနေကြတော့၏ တခနလောက် ပြေးပြီးတော့
ကံကောင်းစွာဖြင့် မျက်ခြေဖြတ်နိုင်လိုက်တာကြောင့်
သူတို့က အုတ်နံရံကြီး နှစ်ခု ကြားထဲကို ၀င်ကာ
ပုန်းနေလိုက်ကြသည် ခုမှပဲ နှစ်ယောက်လုံးက
အသက်ကိုလုရှူနေကြရ၏သူတို့နှစ်ယောက်ရဲ့ ညဘက်အချိန်ဖြုန်းမှုက
Jaehyun တွေးထားသလို အေးအေးဆေးဆေး
နေရာတစ်ခုမှာ တစ်ယောက်နဲ့တစ်ယောက်
ဘေးနားရပ်ပြီး ဟိုဟိုဒီဒီ စကားလေးတွေ
ပြောနေခဲ့တာမျိုး တော့ မဟုတ်ခဲ့ပါ
မတော်တဆ တွေ့လိုက်မိတဲ့
အနိုင်ကျင့်မှု တစ်ခုကို ၀င် ကူညီရင်းး
ခုလို အမောတကော သေလုမတတ်
နှစ်ယောက်တွဲ စွန့်စားခန်း လေး ဖြစ်ခဲ့ပါ၏"တောင်းပန်တယ် Jaehyun "
တောင်းပန်စကားလေး ထွက်လာတာကြောင့်
Jaehyun က အရှေ့ကလူကိုကြည့်လိုက်တော့
မြင်ေနရတဲ့ မျက်နှာဘေးဘက် လေးက
သိပ်ကိုနီးနေတယ်လို့ ခံစားလိုက်ရတယ်
Doyoung က လမ်းကို အကဲခတ်နေတာ
ကြောင့် Doyoungရဲ့ မျက်နှာဘေးဘက်လေး
က Jaehyunရဲ့ မျက်နှာချင်းဆိုင်မှာရှိနေ၏
Jaehyunက နီးကပ်နေတဲ့ မြင်ကွင်းလေးကို
မမှိတ်မသုန် ကြည့်နေမိ၏ သူ့ကို ဘာက
စွဲဆောင်ထားလဲ ဆိုတာလည်း သူမတွေးတတ်ပါ
ဒါပေမယ့် ဒီမြင်ကွင်းလေးက သူ့ကို အကြည့်
မလွှဲနိုင်အောင် ညို့ထားသလိုပင်
သူမြင်နေကျ ပါတီပွဲတွေမှာ တွေ့ရတတ်တဲ့
မှုန်နေအောင် လိမ်းခြယ်ထားတဲ့ အရာတွေ
လည်း ထို ပါးပြင်ေလးမှာ ရှိမနေပါ
သိပ်ကိုရိုးရှင်း တယ်
*နှာခေါင်းလေး နစ်၀င်သွားမတတ်ကို နမ်းရှုံ့
ပစ်ချင်တယ်*