Doyoung ငယ်ငယ်က ဖြစ်သည်
Doyoung တို့သားအဖကို အမေဖြစ်သူက
ထားခဲ့ခြင်းကြောင့် အသေအလဲ နာကျင်ခဲ့ကြရသည်
Doyoung ဖေဖေဆို အလုပ်ထဲကို ဖိပြီး
မတရား အာရုံစိုက်နေတာကြောင့် စိတ်ပင်ပန်းမှုတွေ
နာကျင်မှုတွေနဲ့အတူ အလုပ်ကအိပ်ရေးပျက်ဒဏ်
တွေရောကြောင့် အိပ်ယာထဲတောင် လဲ သွားခဲ့တာ
ဒါ့ကြောင့် Doyoungလေးက သူ့ကိုယ်သူ
အားတင်းရင်း သူ့ဖေဖေကို အရင်လို ပြန်ဖြစ်ဖို့
ရတဲ့နည်းနဲ့ ကြိုးစားနေခဲ့တာပဲ
တနေ့ကြတော့ အမျိုးသမီးတစ်ဦးနဲ့
ကလေးငယ် တစ်ဦးကို လက်ဆွဲကာ
မင်းရဲ့ မိသားစု၀င်အသစ်တွေလို့ ပြုံးရယ်ကာ
မိတ်ဆက်ပေးလာတဲ့ ဖေဖေ့ကို မြင်တော့
Doyoung က သိပ်ပျော်ခဲ့တာ
ဖေဖေ့ကိုပျော်အောင်လုပ်ပေးတဲ့ မိသားစု၀င်အသစ်
တွေကိုလည်း Doyoungက ကျေးဇူးတင်စိတ်
တွေနဲ့ အများကြီး ချစ်ပေးဖို့ ဆုံးဖြတ်ခဲ့တယ်
ဒါပေမယ့် စကားပြောနေတုန်းမှာပဲ
Doyoung က ဗုန်းခနဲ လဲကျသွားခဲ့တာ
Doyoungက သိပ်ပင်ပန်းခဲ့တာလေ
ခံစားနေရတာတွေကိုပါ ထိန်းချုပ်ရင်း
အလိုက်သိစွာ နေခဲ့ရသူမို့ ခု မှ စိတ်လျှော့ချနိုင်သွား
ခဲ့ခြင်းသာ ဒါ့ကြောင့် အဲ့ နောက်ပိုင်းကစပြီး
ဖေဖေရော Jenoလေးကပါ Doyoungကို
အရိပ်တကြည့်ကြည့်နဲ့ ဂရုစိုက်ပေးခဲ့ကြတာပင်
အဲ့ဒါကြောင့် Doyoungကလည်း
သူ့ရှေ့မှာ စိတ်ပင်ပန်းနေတဲ့ ပုံတွေ မြင်ရင်
စိတ်ပျော်သွားအောင် တစ်ခုခု လုပ်ပေးချင်လာတဲ့
ဆန္ဒတွေ ဖြစ်တည်လာတာပဲအဲ့ဒီ့ဆန္ဒလေးကပဲ Doyoungရဲ့နှလုံးသားထဲ
Jaehyunရောက်လာခဲ့တာ ဆိုတာကိုတော့
Jaehyunက မသိ ခဲ့ ပေ
----------------
"Doyoung hyung ကို နာကျင်အောင်
မလုပ်ပါနဲ့ ကျွန်တော် တောင်းဆိုပါတယ် "Jaehyun က တွေတွေဝေဝေလေးနဲ့ ငေးငိုင်
နေရင်းကနေမှ Jenoရဲ့ စကားကြောင့် ပြန်အသိ
ပြန်၀င်လာခဲ့သည်"စိတ်ချပါ နောက်ပြီးတော့ မင်းငါ့ကို ဒီအကြောင်းတွေ
ယုံကြည်ပြီး ပြောပြတာအတွက် ငါကကျေးဇူးတင်ပါတယ်
မင်းကို Jeno""Doyoung hyung ချစ်ရတဲ့သူဆိုတော့
ဒါတွေပြောပြထားသင့်တယ် ထင်လို့ပါ
Doyoung hyungကို ပိုပြီးဂရုစိုက်ပေးလို့
ရတာပေါ့ "Jaehyun က ရုတ်တရက် ရပ်တန့်သွားသလို
တောင် ခံစားရသည်
Jaehyunရဲ့ အံ့ဩပြီး ကြောင်သွားတဲ့
အပြုအမူကြောင့် ထင်တယ် Jenoက
သူ့ဆံပင်သူဆုပ်ကိုင်ရင်းး"ဘာ ဘာလဲ နှစ်ယောက်က ဘာမှ မဟုတ်သေးဘူး
လားးးး!""ဟို စိတ်လျှော့ပါ Jeno အကိုက ဖွင့်ပြောဖို့
ခုမှ ပြင်နေတုန်းမလို့ပါ ""ဘယ်လို! ဖွင့်တောင်မပြောကြရသေးဘူးလား
အားးး သေလိုက်ပါတော့ lee jenoရေ
နေပါဦးး ဘာမှမဖြစ်သေးပဲနဲ့ ဘာလို့
လူမြင်ကွင်းကြီးမှာ ဖက်နေကြရတာလဲ ဗျာ
တကယ်ပါပဲ "Jenoက ပြောလည်းပြော နားတွေတောင် ရဲတက်
လာသည်"ပြန်တော့မယ် ကျွန်တော်ပြောတာတွေ စိတ်ထဲ
မထားနဲ့နော် Doyoung hyungကို
ပြန်လည်းမပြောပြနဲ့ သေစမ်း ချစ်ရသူ တဲ့
ငါဘာတွေပြောလိုက်တာတုန်း "Jenoက Jaehyunကိုပြောတာလိုလို
သူ့ကိုယ်သူ ညည်းသလိုလိုနဲ့ တိုင်ပတ်နေ၏အပြင်ကိုထွက်ခါနီးကြမှ Jaehyunကို
သေချာကြည့်ကာ ပြောလာတာက"မြန်မြန် ဖွင့်ပြောလိုက်တော့ "
Jenoက ချာခနဲပဲ လှည့်ထွက်သွားတော့သည်
Jaehyunတစ်ယောက်ကတော့ Jeno
ပြောခဲ့တာတွေကို တစ်လုံးချင်းစီ ပြန်တွေးကြည့်ရင်းး
Doyoungie က သူ့ရဲ့ အပိုင် ဖြစ်အောင်
လုပ်ဖို့ သေချာပေါက် အချိန်ထပ်မဆွဲတော့ဖို့
ဆုံးဖြတ်လိုက်သည်"သေချာပေါက် နာကျင်မှုအလျဉ်းမရှိတဲ့ ချစ်ခြင်းတွေ
အပြည့်အ၀ လက်ခံရဖို့ ပြင်ထားပေးပါတော့
Kim Doyoung "
_______________________________________
🙆🤍
