4

156 21 0
                                    

Jaehyunရဲ့ ညစာအတူစားကြမလား ဆိုတဲ့
ခေါ်ဆိုမှုကြောင့် Doyoungက ခု Jaehyunတို့
Company ကိုရောက်နေတာပဲဖြစ်၏
Jaehyun ရဲ့ ရုံးခန်းတံခါးက ပါ ပွင့်နေတာကြောင့်
Doyoungက ခါတိုင်းလိုပဲ အသံပေးမနေတော့ပဲ
တံခါးဖွင့်၀င်လိုက်ပေမယ့် မြင်လိုက်ရတဲ့ မြင်ကွင်း
ကြောင့် အနည်းငယ်တန့်သွားသည်

Jaehyun နဲ့ မိန်းကလေး တစ်ဦးက sofaပေါ်မှာ
အတူ ထိုင်ကာ စကားပြောနေကြပုံရသည်

"အို့ sorry ဟို တံခါးကပွင့်နေတာနဲ့ မင်းလုပ်စရာ
ရှိရာ လုပ်  ငါနောက်မှ ပြန်လာခဲ့မယ် "

Doyoung က ထွက်သွားဖို့ ပြင်လိုက်ပေမယ့်
လည်း Jaehyun ရဲ့ တားမြစ်မှုကြောင့်
သူက မအူမလည် နဲ့ မျက်နှာချင်းဆိုင်မှာ ၀င်ထိုင်
လိုက်ရ ၏

"Honey ဒါက ငါပြောပြောနေတဲ့ သူလေ
Kim Doyoung "

Jaehyun ကပြုံးပြီး မိတ်ဆက်လိုက်တော့
အရှေ့က မိန်းကလေးကလည်း ပြုံးပြီး သူ့ကို
နှုတ်ဆက်သည် မပြုံးနိုင်တာကတော့ Kim
Doyoung ပါပဲ "Honey" ဆိုတဲ့စကားလုံးက
သူ့ကို အရှိုက်တည့်တည့်ကို ထိုးနှက်ချလိုက်သလိုပဲ
ဒါပေမယ့် သူ့ရဲ့ ကြောင်တောင်တောင် အမူအယာ
တွေကို မနည်းထိန်းလိုက်ရင်း ပြန်နှုတ်ဆက်လိုက်၏

"Honey က ကျွန်တော့် ငယ်သူငယ်ချင်းလေ
Doyoung hyung "

Doyoung က မချိမဆန့်အပြုံးလေးမဖြစ်အောင်
မနည်းထိန်းပြီးကို ပြုံးထားရသည်
ငယ်သူငယ်ချင်းဆိုတဲ့ စကားလုံးကပါ သူ့ကို
သက်သေပြုပေးနေသလိုပင်
ဒီနေ့ Jeong Jaehyunက သူ့ကို အရှင်လတ်လတ်
ဓားနဲ့ မွှန်းပြီး ဆားသိပ်မယ့် သဘောမှာရှိတယ်
ဒါတောင် သူက အရင်ရက်တွေက စိတ်ပြင်ဆင် ထားခဲ့
သေးတာ ဒါပေမယ့်လည်း အချည်းနှီးပဲ ဖြစ်သွားသလိုပဲ

သူကသာ သူ့ကမ္ဘာနဲ့သူ အတွေးများနေပေမယ့်
သူ‌့ရှေ့က နှစ်ယောက်ကတော့ ရယ်ရယ်မောမော
စကားတွေပြောနေပြီး Jaehyunရဲ့ ငယ်သူငယ်ချင်းမ
လေးကလည်း Doyoung ကို စကားဝိုင်းထဲ
ဆွဲဆွဲခေါ်တတ်သည် Doyoung နဲ့ဒီလိုေတွ့ရတာ
သိပ်၀မ်းသာကြောင်း တွေ့ချင်လွန်းလို့ Jaehyun ကို မနည်းတောင်းဆိုထားရတာ‌ဖြစ်ကြောင်း
လို့ ပြောလာတော့ Doyoung ၀မ်းနည်း၀မ်းသာ
ခံစားသွားရသည်
၀မ်းသာ ရတဲ့အကြောင်းကတော့ Jaehyunအတွက်
အနည်းဆုံးတော့ အရေးပါနေတဲ့ လူတစ်ယောက်ဖြစ်နေ
သေးသလို ခံစားရပြီး
၀မ်းနည်းရတဲ့အကြောင်းကတော့ ထိုမိန်းကလေးကတော့
သူ့ကို တွေ့ရတာ သိပ်၀မ်းသာနေပေမယ့်
Doyoungကတော့ ၀မ်းသာတဲ့စိတ်ထက် အနည်းငယ်
နာကျင် တဲ့ စိတ်က ပိုကဲနေတာကြောင့် အားနာရကာ
သူ့ကိုယ်သူလည်း သိပ်ကိုမုန်းမိပါရဲ့

Make You MineWhere stories live. Discover now