အဲ့နေ့ ည က နဲ့ ပက်သက်ပြီး သူရော Jaehyunက
ဘာမှလည်း မပြောမိကြသလို သူကလည်း
ထပ်ပြီး မနှစ်သိမ့်မိပါ Jaehyunပုံစံက
အဆင်ပြေနေတဲ့ပုံ ပေါ်တယ်လို့ ခံစားမိခဲ့ပေမယ့်
တိုက်ဆိုင်စွာ နောက်နေ့ကြ ဖျားပါလေရော
ဒါ့ကြောင့် Doyoung က Jaehyun ဆီ
မနက်စာ သွားလုပ်ကျွေးရတဲ့ တာ၀န်ရလာခဲ့တာ
ခုဆို တစ်ပတ်တောင် ရှိနေပြီ
ခုလည်း တိုက်ခန်းရှေ့ ရောက်နေတာပဲဖြစ်သည်"Jaehyun ငါမင်းတိုက်ခန်းရှေ့မှာ ရောက်နေပြီ"
"တံခါးဖွင့်ထားတယ် Doyoung hyung "
"အိုခေ ဆက်အိပ်နေလို့ရသေးတယ် "
"အင်း"
အိပ်ချင်မူးတူးအသံလေးနဲ့ မို့ Doyoung က
ခိခနဲ တောင် ရယ်မိသည်
အမြန် အထဲ၀င်သွားပြီး မီးဖိုခန်းကို တမ်း၀င်ကာ
မနက်စာသာ သေသေချာချာလေး လုပ်ပေးနေတော့၏
--------------------------------------------------------
Jaehyun က တကယ်တော့ အစောကြီးကတည်းက
နိုးနေပြီးသားပင် Doyoungလာမယ့်အချိန်ကို
ဖင်တကြွကြွနဲ့ စောင့်နေရလွန်းလို့ သူ့မှာ မော
တောင်နေပြီ ခုဆို သူက နေသေချာကောင်းနေပြီ
ဖြစ်သည် ဒါပေမယ့် Doyoung hyungက
မနက်ပိုင်းတွေ မလာတော့မှာ ကြောက်လို့
သူ့မှာ အားနည်းချင်ယောင်ဆောင်ရတာ ပဲ
Jaehyunလေးက လုံး၀မလိမ်တတ်ဘူးနော်
အချစ်နဲ့တွေ့ရင် အဲ့လိုပဲ မူယာမာယာ
များတတ်ကြတယ်ဆိုတာကို Jaehyun
လေးက သက်သေပြလိုက်ရုံပဲခုလည်း နည်းနည်းလေး ယုတ္တိရှိအောင်
တအောင့်လောက်စောင့်ပြီးမှ မီးဖိုခန်းဆီ
လျှောက်သွားလိုက်တော့သည်အသံမပေးမိခင်မှာ မီးဖိုခန်းပေါက် ကို ကျောပေးရင်း
အသီးအရွက်တွေ ဖြတ်တောက်နေတဲ့ ကျောပြင်
လေးကို တိတ်တိတ်ကလေးပဲ ကြည့်နေမိ၏
အပိုင်လိုချင်တယ် ဆိုတဲ့ အတွေးတွေကလည်း
တစတစ ကြီးထွားလာလိုက်တာ ဆိုတာ
Doyoung hyungသာသူ့အတွေးတွေကို
သိသွားရင် စေတနာကို စော်ကားတဲ့ ငမိုက်သားလေး
ဆိုပြီး သူ့ကိုများ မုန်းသွားမလား လို့ တွေးမိတာလည်း
အကြိမ်ကြိမ်ပဲ ဒါပေမယ့် သူမရပ်တန့်နိုင်ခဲ့ပါ
ခုလည်း သူ့ရှေ့မှာ ရှိနေတဲ့ ကျောပြင်လေးပေါ် နစ်မျော
သွားရင်း စိတ်တွေပါ လွတ်ထွက်သွားပုံရတယ်
အနောက်ကနေ ပွေ့ဖက်လိုက်ချင်စိတ်တွေက
တဖွားဖွားပေါ်ထွက်လာသည် ဒါ့ကြောင့် သူက
ခြေလှမ်းခပ်ဖွဖွ နဲ့အတူ ထိုကျောပြင်ဆီ
တိုက်ရိုက် လျှောက်သွားတော့ သည်
