ပြတ်သားလွန်းလို့ စိုက်ကြည့်ဖို့တောင် မတတ်နိုင်တဲ့
မျက်၀န်း တွေထိုမျက်၀န်းတွေနဲ့ တစ်ထပ်တည်း ကျစွာ ပြတ်သားမှု
အပြည့်နဲ့ ခြေလှမ်းတွေ က သူ့ဆီ တိုက်ရိုက်Doyoung က Jaehyun သူ့ဆီ လျှောက်လာ
တာကို ရပ်ကြည့်ဖို့ပဲ တတ်နိုင်တော့သလို ခံစားချက်တွေနဲ့
Jaehyun လုပ်ကြည့်ချင်တဲ့ အရာက
ဘာများ ဖြစ်နိုင်မလဲ ဆိုတဲ့ အတွေးကလည်း
အပြေးအလွှား တွေးလိုက်ရသေးသည်အနားကို ရောက်လာတဲ့ Jaehyun က
မပြောမဆိုနဲ့ သူ့ကို ပွေ့ဖက်လာကာ အနီးကပ်ဆုံး
ဖြစ်အောင် ဖန်တီးလိုက်သလို
နဖူးထက်က အထိအတွေ့
ပါးပေါ်သို့ တယုတယ နစ်၀င်ခြင်း
ထို့နောက်ရူးလောက်အောင်ကြည့်လာတဲ့ မျက်၀န်းတွေ
ရူးလောက်အောင် နီးကပ်နေတဲ့ အခြေအနေမှာ
ဒီကလေးက သူ့ရဲ့ ဝိဉာဉ် ကို ဆွဲနှုတ်သွားတော့မလို
ကြည့်နေတာ ကြောင့် Doyoung ခဗျာ
ဘာစကားမှတောင် ပြောမလာနိုင်တော့ပေ
သူ တစ်ခုခုတော့ ပြောရမယ် ဒါဒါပေမယ့်
သူ့တစ်ကိုယ်လုံးမှာ နှလုံးသားတစ်ခုက လွဲရင်
ကျန်တာ တွေက အလုပ်မလုပ်တော့သလို ပဲ !ခုလို နီးကပ်နေတဲ့ အခြေအနေ မှာ
နှုတ်ခမ်းလေးက တထော်ထော်နဲ့ တစ်စုံတစ်ခုကို
ပြောဖို့ ကြိုးစားနေပုံရတဲ့ Doyoungက
Jaehyun အတွက် အန္တရာယ် သိပ်ရှိတယ် !
ဒါပေမယ့်လည်းသူ့ရဲ့ စိတ်တို့က လွတ်သွားတာပဲလေ
နှုတ်ခမ်းလေးကို ထိလိုက်တဲ့ အချိန်မှာ
တုန်သွားတဲ့ ကိုယ်လုံးလေးကိုပါ ခံစားမိလိုက်သေးသည်
ထိုအခါမှ ရုန်းဖို့ သတိရတဲ့ ယုန်ဆိုးလေးကို
ပြောချင်တာကတော့ နောက်ကျသွားပြီဆိုတာပါပဲ"ရပ် ရပ်ဦး !"
တကယ်ပါပဲ Kim Doyoung တစ်ယောက်
လုပ်ချင်ရာလုပ်ဖို့ မြှောက်ပေးလိုက်တာက
သူကိုယ်တိုင် ဖြစ်နေတာကြောင့်
ရယ်ရခက် ငိုရခက် စိတ်ဆိုးရခက် အခြေအနေ
ဖြစ်နေပြီ သူ Jaehyunကို သဘောမကျတာ
မဟုတ်ပေမယ့် သူလန့်သွားတာတော့ အသေအချာပင်
ရုတ်တရက် မို့ သူ့အတွက် အခ်ျန်နည်းနည်းတော့
လို အပ် သည်Jaehyun ကို အနည်းငယ်တွန်း လိုက်ကာ
လှည့်ထွက်သွားတော့မလိုလုပ်ပြီးခါမှ
ပြန်လှည့်လာရင်း ရင်ဘတ်ကို ဘုတ်ခနဲ
မြည်အောင် ရိုက်လိုက်ရင်းး ကနေ
သူအချိန်နည်းနည်ယူချင်ကြောင်းကိုလည်း
သွယ်ဝိုက်ပြီး ပြောခဲ့ မိသည်
