part (1)

8.8K 129 6
                                    

[ Unicode ]

"ဟဲ့ ! မိကြွယ်... အခုထွက်ခဲ့စမ်း"

မနက်မိုးလင်းသည်နှင့် ငွေမှုန်းခြယ်တစ်ယောက် သူများအိမ်ရှေ့မှာ လုံချည်ကို မ ကာ အော်ဟစ်သောင်းကျန်းနေလေသည်။

"အိမ်မှာဘယ်သူမှာမရှိသလို လာဟန်ဆောင်မနေနဲ့နော်"

"သူများပိုက်ဆံကို ချေးတုန်းကချေးပြီး အခုမှ ပြန်မဆပ်ချင်လို့ရမလား"

"ဟဲ့ ! ထွက်ခဲ့စမ်း"

"ဘာလဲ... ဘာလဲပြော။ ဘာလို့ ငါ့အိမ်ရှေ့လာအော်ဟစ်နေရတာလဲ။ စောစောစီးစီး ကျက်သရေကိုတုံးတယ်"

"ဘာ ! ကျုပ်ကကျက်သရေတုံးတယ်။ ဟုတ်လား။ ရှင်နဲ့ဆိုင်လို့လား"

"ဒါဆိုဘာလို့ ငါ့အိမ်ရှေ့မှာ အော်ဟစ်နေတာလဲ"

"ဒီမှာအဘွားကြီး... ကိုယ်နဲ့မဆိုင်ရင် ဖယ်နေနော်။ ရှင့်သမီးဘယ်မှာလဲ။ ကျုပ်ဆီက ပိုက်ဆံချေးထားတာ ဘယ်အချိန်ပြန်ဆပ်မှာလဲ"

"ဘာလဲပြော... ငါဒီမှာ"

အသံနဲ့အတူ အိမ်ပေါ်မှ အသက်ခပ်လတ်လတ် မိန်းမတစ်ယောက် ဆင်းလာသည်။

"အော... အခုတော့ လေသံက  မာနေပြီပေါ့"

"ဟုတ်တယ်။ မာတော့ဘာဖြစ်ချင်လဲ"

"ငါ့ဆီက ပိုက်ဆံချေးတုန်းကကျ ထမင်းခုနစ်ရက်မစားရတဲ့လေသံနဲ့ လာချေးပြီးတော့ အခုတော့ လေသံက မာလှချည်လား"

"အဲ့တော့ဘာဖြစ်ချင်လဲပြော"

"အေး... ငါ့ပိုက်ဆံဘယ်အချိန်ပြန်ဆပ်မှာလဲ"

"ဘယ်နှခါပြောရမှာလဲ... ပိုက်ဆံရှိတဲ့အချိန် ပြန်ဆပ်ပါမယ်လို့"

"နင့်ပိုက်ဆံက ဘယ်အချိန်ရှိမှာလဲ။ တစ်ခါတည်းပြောနော်"

"ရှိချင်တဲ့အချိန်ရှိလိမ့်မယ်အေ။ အခုတော့မရှိသေးဘူး။ ပြန်တော့"

"အောင်မာ... ကောင်မက လူပါးဝလို့... နင်လာစမ်း"

ငွေမှုန်းခြယ်တစ်ယောက် ပြောရင်းဆိုရင်း မကြွယ်ဆိုတဲ့ မိန်းမကို ဆံပင်ကနေဆွဲကာ အိမ်ပေါ်မှ ဆွဲချလာသည်။

"အား... ငွေမှုန်းခြယ်... နင်ဘာလုပ်တာလဲ"

"အင့်ဟယ်... ငါ့ကို ခွေးကိုက်သလို ပြန်ခံပြောအုံး"

တောရိုင်းပန်းလေး မောင့်မဟေသီ ( တောရိုင်းပန်းလေး မောင့်မဟေသီ )Where stories live. Discover now