part (5)

1.5K 71 7
                                    

( Unicode )

"တောက်စ် ! စောက်ကလေးအရွယ်ကများ"

ငွေမှုန်းတစ်ယောက် အိမ်သို့ မျက်နှာကြီးနီရဲကာ ပြန်ရောက်လာတော့သည်။

"နင်ကဘာလို့ ပြဿနာသွားရှာလည်း"

‌ငွေမှုန်းအနောက်မှ လိုက်လာသည့် အကိုအောင်ကလည်း
နောက်ကနေ တစ်ဗြစ်တောက်တောက် လိုက်ပြောနေသည်။

"အဲ့တာ အကို့ကြောင့်လေ။ ဘာလို့ ညမဘဲကို ယူသွားတာလဲ"

"ငါစားချင်လို့ပါဟ"

အကိုအောင်က ငွေမှုန်းမျက်နှာကိုမကြည့်ပဲ ခေါင်းကို
အောက်စိုက်ကြည့်နေပြီးပြောသည်။

"လိမ်နေတာ... သူတို့အတွက်ယူသွားပေးတာမဟုတ်လား"

"ညမလေးကလည်းဟာ..."

"ဘာညမလေးလဲ။ အကိုသာ ညမကိုခွင့်တောင်းရင် ဒီလို
ပွဲကြမ်းစရာတောင်မလိုဘူး။ အဲ့တာအကို မပြောပဲယူသွားလို့"

"တောင်းပန်ပါတယ်ဟာ... နောက်မဖြစ်စေရပါဘူး"

အကိုအောင်က မြေကြီးကိုစိုက်ကြည့်နေကာ တောင်းပန်တော့
ငွေမှုန်းမှာ စိတ်မကောင်းဖြစ်သွားရပြန်သည်။ အ‌ကိုအောင်နဲ့
ငွေမှုန်းက ၃နှစ်လောက်ပဲကွာသည်မို့ ငယ်ငယ်တည်းကပင်
ကစားဖော်တွေ ဖြစ်ခဲ့ကြသည်။

"နောက်ခါဆို ညမကိုပြောနော်။ အခုအိမ်ထဲဝင်ရအောင်"

ငွေမှုန်းကပြောပြီး အိမ်ထဲဝင်တော့ အကိုအောင်ကလည်း
အတူတူလိုက်ဝင်သည်။

"ဟဲ့... ငွေမှုန်းခြယ်... ရန်ဖြစ်ခဲ့ကြသေးလား"

အိမ်ထဲဝင်ဝင်ချင်း အမေကစီးပြီးမေးသည်။

"မဖြစ်ခဲ့ဘူးရယ်... "

အကိုအောင်က သွား၃၂ချောင်းကို ပေါ်အောင်ဖြီးပြကာ
ဗြောင်လိမ်နေပြန်သည်။

"အေ... ‌နင့်ညမလားမဖြစ်မှာ"

အမေကတော့ မျက်နှာပျက်နေပြီ။ ငွေမှုန်းနဲ့ ရန်ဖြစ်ခဲ့တဲ့သူက
သူကြီးသားကိုး။

"လာပါအမေရယ်... သမီးက လက်မပါခဲ့ပါဘူး။ စကားနဲ့ပဲ
ပြောခဲ့တာပါ"

"အမလေးအေ... လက်နဲ့မဖြေရှင်းခဲ့လို့ ကျေးဇူးတင်ပါတယ်။
မဟုတ်ရင် မိန်းကလေးကြီးတန်မဲ့ ထိပ်တုံးခတ်ခံရရင် ကျုပ်မျက်နှာကို ဘယ်မှာသွားထားရမှန်း သိမှာတောင်မဟုတ်ဘူး"

တောရိုင်းပန်းလေး မောင့်မဟေသီ ( တောရိုင်းပန်းလေး မောင့်မဟေသီ )Where stories live. Discover now