( Unicode )
"ကျစ်... အဲ့ကောင် သတ်သတ်လုပ်တာသိလား"
ငွေမှုန်း မကျေမနပ်ဖြင့် ရေရွတ်လိုက်တော့ သူငယ်ချင်းမ
နှစ်ကောင်ကပါ လိုက်ထောက်ခံသည်။"ဟုတ်တယ်... "
"ဒါလုံးဝ မတရားဘူး"
အလိုတော် တည်ငြိမ်သူကြီး မိနွယ်ကတောင် ဝင်ပြောနေပါလား။
"မတရားမှန်းသိရဲ့နဲ့ ငါ့ကိုဘာလို့ လာတားလဲ... ။ "
"ဟဲ့ မဖြစ်သင့်တာတွေ မဖြစ်အောင်လို့လေ... ။ ပြီးရင်
နင်က လုက်လိုက်ရင် လက်လွန်တာကြီးပဲ...။ ငယ်ငယ်ကဆို
နင့်ကြောင့် သူ့မှာ ခေါင်းပါပေါက်တယ်..."ခင်မေကတော့ ဟိုအကောင့်ဘက်ကနေ လိုက်ကာပေးနေပြန်ပြီ... ။ နေပါအုံး... ။ သူက အဲ့အကောင်ကိုများ ကြိုက်နေတာလား... ။
"ခင်မေ... ညည်းကဘာလို့ အဲ့ကောင်ဘက်ကနေ အဲ့သလောက်တောင် ကာပေးနေရတာလဲ... ။ ညည်းအဲ့ကောင်ကို ကြိုက်နေတာလား..."
"ကြံကြီးစီရာဟယ်...။ ကြိုက်စရာလား... ။ သူ့သူငယ်ချင်း
နှစ်ယောက်ထဲက တစ်ယောက်ဆိုတော်သေး... "ဘာရယ်ကြောင့်မှန်းမသိ ငွေမှုန်းရင်ထဲက တစ်ခုခုဟာ ခင်မေ့စကားကြောင့် ပြေလျော့သွားသလို ခံစားလိုက်ရသည်။
ငွေမှုန်းအဲ့ကောင်ကို ကြိုက်နေတာများလား... ။
အို... မဖြစ်နိုင်တာ... ။ အဲ့ကောင်နဲ့သူနဲ့က ရန်ဘက်တွေလေ..။ ကြိုက်စရာအကြောင်းကို မရှိတာ... ။"ဟဲ့... ခေါ်နေတာ ကြားရဲ့လား.. "
ခင်မေက သူမရဲ့လက်ကို ဝှေ့ရမ်းကာ ငွေမှုန်းအား ခေါ်နေသည်။
"ဟမ်... ဘာပြောတာလဲ... "
"နင်ကတော့လေ... ။ ငါတို့ခေါ်နေတာတောင်မကြားဘူး... ။
ဘာတွေများစဉ်းစားနေတာလဲ... ""ဘာမှမဟုတ်ပါဘူး... ။ ဒီတိုင်းပဲ ဟိုတွေး သည်တွေးပေါ့.."
"သိနေတယ် မိငွေမှုန်းခြယ်ရေ... ။ သိနေတယ်နော်..."
"ဘာသိတာလဲ... ။ သွား သွား...။ ပြန်ကြတော့... ။
အရီးလေးတို့ စိတ်ပူနေလိမ့်မယ်... ""မိငွေမှုန်းတို့များ သူ့အတွေးတွေ ပေါ်သွားမှာကြောက်နေတယ်ထင်တယ်... ။ ဟင်း... ဟင်း... သိနေတယ်"
YOU ARE READING
Romanceသူဌေးသားလေး နဲ့ ဆက်ဆက်ထိမခံ ၊ ကပ်စီးနည်း အမကြီးတို့ရဲ့ တောဓလေ့ အချစ်ဇာတ်လမ်းလေးပါ ။ ငွေတိုးချေးစားတဲ့ အမကြီးနဲ့ ကန့်လန့်တိုက်တတ်တဲ့ ကောင်ဆိုးလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို လိုက်ပါခံစားပေးကြပါအုံး ။ [ Unicode & Zawgyi ]