[ Unicode ]
ဘာလိုလိုနဲ့ ရွာဘုရားပွဲဟာ နီးကပ်လာတော့သည်... ။
ဒီပါမောင်တို့အဖွဲ့လဲ သုံးရက်တိုင်တိုင် ငွေမှုန်းအိမ်ရှေ့မှာ
သီချင်းတွေလာဆိုပြီး သုံးရက်ပြည့်တော့ တစ်ကောင်မှပင်
မတွေ့တော့... ။ လက်လျော့သွားပြီထင်ပါရဲ့... ။ ငွေမှုန်း
ကိုယ်တိုင်လည်း အိမ်ထဲကအိမ်အပြင်မထွက်... ။ အကြွေးတောင်းသည့်ကိစ္စကိုလည်း မေမေကပဲ တာဝန်ယူပြီး လိုက်
တောင်းပေးသည်... ။ သိတဲ့အတိုင်းပဲ ငွေမှုန်းတောင်းတာမဟုတ်တော့ အကြွေးက သိပ်မရ... ။"ငွေမှုန်း... ငွေမှုန်းခြယ်ရေ... တို့ဝင်လာပြီနော်..."
ခင်မေနဲ့လှနွယ်တို့ ဝင်လာကြပြီး ခင်မေ့လက်ထဲမှာလဲ
အဝတ်တစ်ခုကို ကိုင်ထားသည်... ။"ဒီမှာအမတော်... ရှင်က အိမ်ထဲကအိမ်အပြင်မထွက်တော့
ကျွန်တော်မျိုးမတို့ကပဲ ရှင့်အထည်တွေကို သွားယူပေးထားတာ..."ငွေမှုန်းလည်း ခင်မေကမ်းပေးလာတဲ့ အထည်ကိုယူကာ
ဖြန့်လိုက်ပြီး ငွေမှုန်းကိုယ်ထည်နှင့် တိုင်းလိုက်သည်...။"ဟယ်... လှလိုက်တာ... ငါတို့အထည်သုံးစုံမှာ နင့်အထည်အလှဆုံးပဲ...ဟုတ်တယ်မဟုတ်လား လှနွယ်"
"ဟုတ်ပါ့တော်... ဟုတ်ပါ့"
ခင်မေက လှနွယ်အား ဝင်ထောက်ခံခိုင်းတော့ လှနွယ်ကလည်း လိုက်ထောက်ခံပေးသည်... ။
"ဘုရားပွဲက မနက်ဖြန်ပဲစပြီတဲ့..."
"တကယ်လား... မြန်လိုက်တာ..."
"ဟုတ်တယ်... မနက်ဖြန်က တန်ဆောင်မုန်းလပြည့်လေ...
ရက်ကောင်းရက်မြက်ပေါ့... အဲ့တာကြောင့် စ, လိုက်တာတဲ့..
ပြီးတော့ သူခိုးကြီးညဆိုတော့ ကာလသားတွေကိုပါ ရောထိန်းရအောင်လို့တဲ့""ကောင်းတာပေါ့... မီးရောင်စုံတွေနဲ့ ဘယ်လောက်တောင်
ပျော်စရာကောင်းလိုက်မလဲ..."လှနွယ်က ဝင်ပြောပြီး စိတ်ကူးယဉ်နေသူလို ပြုံးနေသည်... ။
"ဝါကျွတ်ပြီ မိန်းမတို့ရေ... ညည်းတို့သုံးယောက်ထဲက
ဘယ်သူအရင် ရမလဲဆိုတာ ငါတော့ ကြည့်ချင်စမ်းပါဘိအေ"
YOU ARE READING
Romanceသူဌေးသားလေး နဲ့ ဆက်ဆက်ထိမခံ ၊ ကပ်စီးနည်း အမကြီးတို့ရဲ့ တောဓလေ့ အချစ်ဇာတ်လမ်းလေးပါ ။ ငွေတိုးချေးစားတဲ့ အမကြီးနဲ့ ကန့်လန့်တိုက်တတ်တဲ့ ကောင်ဆိုးလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို လိုက်ပါခံစားပေးကြပါအုံး ။ [ Unicode & Zawgyi ]