[ Unicode ]
"ကိုကို... ဘေဘီ့ကို ဘာလို့ ဒီမှာချိန်းတာလဲ"
လေတဖြူးဖြူးတိုက်ခတ်နေသော ဆိပ်ကမ်းတစ်နေရာမှာ
မင်းဒီပါမောင်နဲ့အတူ ပိုးဝဿန်တို့ ရောက်ရှိနေလေသည်။"ကိုစာမေးပွဲပြီးပြီဆိုတော့ ကိုယ့်ဒေသကို ပြန်ရတော့မယ်"
"အော်... အဲ့တာများကိုရယ်"
"အဲ့တော့လမ်းခွဲရအောင်"
ပိုးဝဿန်ရဲ့ ပြုံးနေတဲ့မျက်နှာဟာ ချက်ချင်းဆိုသလို မဲ့ရှုံသွားသည်။
"ဘာ... ဘာလို့လဲ။ အဲ့ဒီကိုပြန်တာ လမ်းခွဲစရာလိုလို့လား"
ပိုးဝဿန်က ထိတ်လန့်တုန်လှုပ်စွာ မေးလာသည်။ ဒီပါသာ
သူမကိုထားခဲ့ရင် သူမက အရင်ကလို ဂုဏ်မဖော်နိုင်တော့မည်စိုး၍။ ဒီပါက ကျောင်းရဲ့ Kingဖြစ်နေတော့ မိန်းကလေးအများစုက သူနဲ့တွဲရင် ကျော်ကြားမည်ဟု ခံယူထားကြသည်။"ဘေဘီက ကို့ကို စွဲလမ်းနေတာများလား"
"ဟမ်"
"ဘေဘီက စွဲလမ်းနေတာမဟုတ်ပါဘူး။ ချစ်လို့။ မခွဲနိုင်လို့ပါ"
"အင်း... ကို့မှာ ဘေဘီ့ကို ပြောစရာရှိသေးတယ်"
"ဘာများလည်းဟင်"
ဝဿန်က ဒီပါ့မျက်နှာအား မျှော်လင့်စောင့်စားစွာ မော့ကြည့်လာသည်။
"ကို့မှာ လူကြီးချင်းသဘောတူထားတဲ့ မိန်းကလေးရှိတယ်"
တကယ်တော့ ဒီပါ ညာပြောလိုခြင်းပင်။ မဟုတ်ရင် ပိုးဝဿန်က ကပ်တွယ်နေအုံးမည်။
"ဘာ ! ဒါဆို ဘေဘီက အပျော်တွဲပေါ့"
"အဲ့တာကတော့ ဘေဘီ့ဘာသာ သတ်မှတ်လိုက်တာပဲ။ ပြီးတော့ ဘေဘီ့တစ်ယောက်တည်းကိုပဲ ကိုက တွဲခဲ့တာမဟုတ်ဘူး။ ဘေဘီက ဘယ်နှယောက်မြောက်မှန်းကို မသိတော့တာ"
"ရှင်... ရှင်"
"နှုတ်ဆက်ပါတယ်ဘေဘီ။ အော်... ပိုးဝဿန်။ ကောင်းသော
လမ်းခွဲခြင်းဖြစ်ပါစေ"ဒီပါပြောပြီး ထိုနေရာမှ ကျောခိုင်းကာ ထွက်လာလိုက်တော့သည်။ ပိုးဝဿန်ကတော့ ထိုနေရာမှာတင် ငုတ်တုတ်လေးထိုင်ကာ ငိုရင်း ကျန်ခဲ့တော့သည်။
YOU ARE READING
Romanceသူဌေးသားလေး နဲ့ ဆက်ဆက်ထိမခံ ၊ ကပ်စီးနည်း အမကြီးတို့ရဲ့ တောဓလေ့ အချစ်ဇာတ်လမ်းလေးပါ ။ ငွေတိုးချေးစားတဲ့ အမကြီးနဲ့ ကန့်လန့်တိုက်တတ်တဲ့ ကောင်ဆိုးလေးတို့ရဲ့ အချစ်ဇာတ်လမ်းလေးကို လိုက်ပါခံစားပေးကြပါအုံး ။ [ Unicode & Zawgyi ]