part (8)

1.6K 78 12
                                    

( Unicode )

အိမ်သို့ ခရမ်းချဉ်သီးသဖွယ် ရဲတတ်နေသော မျက်နှာဖြင့်
ပြန်ရောက်လာသော ငွေမှုန်းအား မေမေမှ မြင်သွားသည်.. ။

"ဟဲ့ သမီး... ဘာဖြစ်လာတာလဲ... ။ မျက်နှာကရဲနေတာပဲ။
နေမကောင်းဘူးလား...။ ဟိုနှစ်ကောင်ရော..."

အမေမေးတာကို ဘာတစ်ခုမှမဖြေနိုင်ပဲရေအိုးကိုချကာ
အိပ်ခန်းအတွင်းသို့ ဝင်လာခဲ့လိုက်သည်...။

" ဟူး... "

ပြင်းထန်စွာ ခုန်ပေါက်နေသော ‌ရင်ဘတ်ထဲမှ နှလုံးသားအား
ငြိမ်သက်‌သွားစေရန် ရည်ရွယ်လျက် လက်နှစ်ဖက်ဖြင့် အသာဖိကာ သက်ပြင်းတစ်ချက်ကို ခပ်တိုးတိုးလေး ချလိုက်သည်။

"ဘယ်လို လုပ်ရပါလိမ့်နော်...."

ငွေမှုန်းစဉ်းစားရင်း တစ်ဖြည်းဖြည်းဖြင့် အိပ်ပျော်သွားတော့သည်...။

ဂစ်တာခေါက်သံကို မကြားခင်အထိပေါ့... ။

.

.

.

"ဟေ့ကောင် ဘယ်လိုလဲ... အဆင်ပြေရဲ့လား"

ဝေယံက ပုခုံးအား လာပုတ်ပြီး မေးတော့သည်...။

"ပြောတော့ပြောလိုက်ပေမယ့် အပျိုကြီးမမက မူနေမှာ သေချာတယ်ကွ"

"ဒါဆိုလဲ မမူနိုင်အောင်လုပ်မယ်လေကွာ... "

"ဘယ်လိုမျိုးလဲ..."

"အဖိုးတို့ခေတ်က အဖွားကို မယ်ဒလက်တလက်နဲ့ လိုက်ခဲ့တယ်မဟုတ်လား... ။ ဒီတော့ ငါတို့ကလဲ ဂစ်တာတလက်နဲ့
လိုက်မယ်ကွာ... "

"ဟ ဖြစ်ပါ့မလားကွ... ။ တော်ကြာ အပျိုကြီးမမက
ခဲနဲ့ လိုက်ထုနေမှဖြင့် သူလက်သံပြောင်တာ ငါအသိဆုံးဟ"

"အဆင်ပြေပါတယ်ကွာ... သူ့အကိုနဲ့ပေါင်းထားတာ ဒီနေရာမှာတော့ အလကားမဖြစ်ဘူး..."

"ဟ ဟုတ်သားပဲ... ။ အကိုအောင်တစ်ယောက်လုံး ငါတို့ဘက်မှာ ရှိနေတာပဲ... မင်းအဲ့ဒါကြောင့် သေချာပေါင်းနေတာကိုး..."

"ရှေ့ရေးကို ကြိုမြင်တတ်တာလို့ ခေါ်တယ်..."

ဝေယံက ခေါင်းသုံးဟူသောပုံစံဖြင့် ရန်နိုင်အား သွားကြည့်တော့သည်...။

တောရိုင်းပန်းလေး မောင့်မဟေသီ ( တောရိုင်းပန်းလေး မောင့်မဟေသီ )Where stories live. Discover now