part (6)

1.5K 68 5
                                    

( Unicode)

"ဟဲ့သား... မင်းဒီပါမောင်... ထတော့လေ"

"ဟမ်... ဟင်"

ဒီပါအိပ်ပျော်နေရာက အမေ့အသံကြားတော့ နိုးလာသည်။
မျက်လုံးဖွင့်ပြီး အမေကိုကြည့်လိုက်တော့ အမေက ထတော့
မနက်စာပြင်ထားတယ်ဆိုပြီး ထထွက်သွားလေသည်။

ဒီပါ ရုတ်တရက်ထထိုင်လိုက်တော့ ခေါင်းက မိုက်ကနဲဖြစ်သွားသည်။ သူ့ဗိုက်ထဲမှာလဲ မအီမသာဖြင့်။

"အ... မနေ့ညက သောက်တာများသွားလို့လားမသိဘူး"

ဒီပါခေါင်းကိုကိုင်ကာ မနေ့ညကအကြောင်း စဉ်းစားနေသည်။
မနေ့ညက သူအများကြီးမသောက်မိ။ အများကြီးမသောက်ပဲ ဘာလို့ခေါင်းမူးနေလဲ စဉ်းစားလို့မရ။

ခနထိုင်စဉ်းစားပြီး အိပ်ယာကနေ ကုန်းရုန်းထကာ ရေတွင်းဆီသို့ ဦးတည်လိုက်သည်။ မျက်နှာသစ်လိုက်ရင်တော့
ခေါင်းမမူးတော့ဘူးထင်ပါရဲ့။

မျက်နှာသစ်ပြီး အိမ်ပေါ်တတ်တော့ သူမမြင်ဘူးသည့်
လူတစ်ချို့ရောက်နေသည်။ ထိုလူတွေက ဒီပါ့ကိုလှည့်ကြည့်တော့ အဖေက သူတို့ကိုမိတ်ဆက်ပေးသည်။

"ဒါကျွန်တော့သားလေ ဆရာလေးရဲ့။ မင်းဒီပါမောင်တဲ့"

အဖေက လူသုံးယောက်ထဲက မျက်နှာခပ်ချောချောဖြင့်
လူအား လှည့်ပြောလိုက်သည်။

"သား... ဘာတွေကြည့်နေတာလဲ။ ဒါက အဖေတို့ရွာကျောင်းမှာ စာသင်မဲ့ ဆရာမြတ်မင်းမောင်တဲ့"

"အော်"

ဒီပါ အော်တစ်လုံးသာ ပြန်ဖြေခဲ့ပြီး ကိုယ့်အခန်းတွင်းသို့ဝင်ခဲ့လိုက်သည်။ ဒါကြောင့်မေမေက သူ့ကို အစောကြီးနှိုးတာကိုး။

ဒီပါ အဝတ်လဲကာ အပြင်ထွက်လာတော့ ခုနကလူတွေကမရှိတော့။ ဒီပါဗိုက်ဆာလာ၍ မနက်စာစားရန် မီးဖိုချောင်ဘက်
ရောက်တော့ ထိုလူတွေက ထမင်းတောင်စားနေပြီ။

ဒီပါလဲ သူစိမ်းတွေနဲ့ ထမင်းအတူမစားချင်၍ အကိုခင်မောင်တို့အိမ်သာ သွားစားရန် ထွက်လာခဲ့လိုက်သည်။ ဟို‌နှစ်ကောင်
ကတော့ မနက်ကတည်းက အဖေနှင်ထုတ်ထားလို့ထင်တယ်
အိမ်မှာမရှိ။ အကိုခင်မောင့်အိမ်များရောက်နေမလား။

တောရိုင်းပန်းလေး မောင့်မဟေသီ ( တောရိုင်းပန်းလေး မောင့်မဟေသီ )Where stories live. Discover now