part (4)

1.5K 83 5
                                    

[ Unicode]

"ဝါး"

လက်နှစ်ဖက်ကို ဆန့်ထုတ်လိုက်ပြီး ငွေမှုန်း အိပ်ယာမှ ထလိုက်သည်။ တိုင်မှာကပ်ထားတဲ့ နာရီကိုကြည့်တော့ ၅နာရီအတိရှိပြီ။

ငွေမှုန်း အိပ်မှုန်စုံမွှားထကာ ဝိုင်းထဲသို့ဆင်းပြီး ရေတွင်းမှ
ရေဖြင့် သူမမျက်နှာအား ဆေးကြောလိုက်သည်။ သွားတိုက်တံပေါ် ဆားအနည်းငယ်ထည့်ကာ သွားတိုက်လိုက်ပြီးနောက် ငွေမှုန်းရဲ့ မျက်နှာသစ်ခြင်း ပြီးဆုံးသွားပြီ။

မျက်နှာသစ်ပြီးတော့ အိမ်‌နောက်ဖေးသို့ဝင်ကာ မနက်စာအတွက် ချက်ပြုတ်ရန် ပြင်ဆင်ရပြန်သည်။

"သမီး... အစောကြီးနိုးနေတာလား"

"အင်း... သမီးထမင်းချက်ဖို့ အမေ့ကိုကူပေးမလို့လေ"

"သမီးရယ်... အိပ်ရေးပျက်ခံပြီး မထပါနဲ့လို့ပြောတာကို"

"အမေကရော... သမီးပဲထချက်ပါမယ်ဆို"

မီးဖိုချောင်ထဲရောက်သည်နှင့် ရေနံဆီမီးခွက်ကိုကိုင်ကာ ချက်ပြုတ်နေသည့်အမေက ငွေမှုန်းအား အစောကြီးမထရန်
ဆုံးမပြန်သည်။

"ပြောမရလဲ တိုးတိုးနေ။ မောင်လေးနဲ့ သားကြီးနိုးသွားအုံးမယ်"

ငွေမှုန်းနဲ့မေမေလည်း ပါးစပ်ကိုပိတ်ကာ ချက်ပြုတ်ရန်သာ
အာရုံစိုက်လိုက်တော့သည်။ မေမေက မနက်စာအတွက်
ဟင်းချက်နေပြီး ငွေမှုန်းကတော့ ထမင်းအိုးတည်ရသည်။

လျှပ်စစ်မီးရပေမယ့် ငွေမှုန်းရဲ့ချွေတာမှုကြောင့် လျှပ်စစ်မီး
မသုံးပဲ ထင်းမီးဖိုဖြင့်သာ ထမင်းအိုးအား တည်စေပြီး ဟင်းချက်ရာတွင်လည်း ထိုမီးဖိုကိုသာသုံးသည်။

ထမင်းအိုး ဆူပွတ်လာတော့ အိုးအဖုံးကို ဟစိကလေးထားပြီး
မွှေနှောက်ပေးရသည်။ အချိန်နည်းနည်းကြာမှ ထမင်းအိုးမွှေသည့် ယောက်မဖြင့် ဆန်စိအနည်းငယ်အား လက်ဖြင့် တို့ကြည့်ရသည်။ ဆန်စိပျော့လာမှ အဝတ်ဟောင်းနဲ့ ထမင်းအိုးကိုကိုင်ကာ ထမင်းအိုးထဲက ရေများကို ငှဲ့ရသည်။ ပြီးမှ အိုးကို မီးဖိုပေါ်မှချပြီး အဖုံးဖုံးထားရသည်။

တောရိုင်းပန်းလေး မောင့်မဟေသီ ( တောရိုင်းပန်းလေး မောင့်မဟေသီ )Where stories live. Discover now