Regret

366 42 3
                                    

(Unicode)

BEGIN AGAIN

ငိုကြွေးမြည်းတမ်းသံတို့နှင့် လွှမ်းခြုံနေသော စိတ်မချမ်းမြေ့ဖွယ် ပတ်ဝန်းကျင်အလယ် ငြိမ်သက်စွာ ရပ်နေမိသည်က ကျွန်တော် တစ်ယောက်တည်း....။

ဆေးရုံကုတင်ထက် ဖြူဖျော့စွာ လဲလျောင်းနေသော ပုံရိပ်လေးက ကျွန်တော်ရဲ့ ကမ္ဘာတစ်ခုလုံးအား တုန်လှုပ်သွားစေသည်။ ရှေ့ဆက်တိုးရန် ရည်ရွယ်ထားခဲ့သည့် ခြေလှမ်းတို့က ကြောက်ရွံမှုတို့ကြောင့် ထိုနေရာကပင် မရွေ့လေတော့...။

ထို့အတူ ငိုသံတစ်ချို့နှင့် ယူကြိုးမရရေရွတ်သံတစ်ချို့က ကျွန်တော့် အကြားအာရုံထဲ ဝင်တစ်ချက် မဝင်တစ်ချက်...။

လေယာဉ်ပေါ်က ဆင်းပြီးပြီးချင်း ဘတ်ခ်ဟျွန်းဆီမှ လက်ခံရရှိခဲ့သည့် messageအား နောက်ပြောင်မှုတစ်ခုဟုသာ ယူဆရင်း ကျွန်တော် မယုံကြည်ဖြစ်ခဲ့ပါ။ ဒီလိုကိစ္စမျိုး တစ်ကြိမ်နှစ်ကြိမ် မက ကြုံဖူးခဲ့သည် မဟုတ်လား။

ဒီတစ်ခါကရော ဘယ်လိုအူကြောင်ကြောင်နိုင်သော ကစားနည်းတစ်ခုပါလိမ့်။ ဘတ်ခ်ဟျွန်း ဒီကောင် ဘာတွေမြှောက်ထိုးပင့်ကောလုပ်နေရပြန်သလဲ။

ကျွန်တော့်ခင်ပွန်းက ဒီကောင်ရဲ့ စနက်တွေ မပါပဲ ဒီလိုနောက်ပြောင်မှုတွေမလုပ်တတ်...လုပ်လည်းမလုပ်ရဲပါ။ သူ ကျွန်တော့်ဒေါသကို ကောင်းကောင်းသိသည်။ ဂရုစိုက်ခံရချင် အာရုံပေးခံရချင်စိတ်တစ်ခုတည်းနဲ့ ဘယ်လိုတောင် ရင့်ကျက်မှုမရှိ ကလေးဆန်နေကြသလဲ။

တသိမ့်သိမ့်ငိုနေသော အမေ့ ကျောပြင်ကိုတွေ့တော့ ကျွန်တော် စိတ်က ထောင်းခနဲ။ နှစ်ဖက်မိဘတွေအထိပါ ဆွဲသွင်းနောက်ပြောင်ရဲသည်မို့ ကျွန်တော်ရဲ့ဒေါသက အဆုံးအစွန်ထိ ရောက်နေပြီဖြစ်သည်။

"အမေ"

ကျွန်တော့်အမေက ကျွန်တော်အား မျက်ရည်များကြားမှ လှည့်ကြည့်လာသည်။ 'သား' ဟု ဆိုလာသော အမေ့အသံက တိမ်ဝင်လျက်...။ ထိုအတူ အားလုံး၏ အကြည့်များက ကျွန်တော်ဆီသို့သာ...။

"ခွပ်!"

ခြေလှမ်းကျဲများနှင့် လျှောက်လာသော ဘတ်ခ်ဟျွန်းဆီမှ မမျှော်လင့်ထားသော လက်သီးချက် ‌ကြောင့် ကျွန်တော် ဟန်ချက်မထိန်းနိုင်စွာပင် ပစ်လဲသွားရသည်။

Begin Again (U/Z)Where stories live. Discover now