Reset

226 41 0
                                    

(Unicode)

BEGIN AGAIN

"ဘာဖြစ်တာလဲ။ တစ်ခုခုဖြစ်လို့လား။"

ဘတ်ခ်ဟျွန်းက စားပွဲပေါ် လွယ်အိတ်ကို လွှားခနဲ ပစ်တင်ပြီး ချန်းယောလ်ဘေး ဝင်ထိုင်ရင်း မေးလာတော့သည်။ ဆယ်ဟွန်းက တစ်ခုခုဖြစ်နေတာ မှန်ကြောင်းကို ခေါင်းညိမ့်က အဖြေပေးလိုက်၏။

"ဘာလို့ အကြည့်တွေက ဒီဝိုင်းမှာ လာစုနေရတာလဲ။"

ပတ်ဝန်းကျင်ကို တစ်ချက် ဝှေ့ကြည့်အပြီး ဘတ်ခ်ဟျွန်းက ဒုတိယအကြိမ် မေးလာပြန်သည်။

"မင်း ဘယ်နားသွားသေနေလို့လဲ"

အရှေ့မှ အအေးကို တစ်ချက် စုပ်သောက်ပြီးနောက် ဆယ်ဟွန်းက မဲ့ရွဲ့ကာဆိုလာ၏။ ဒီလို ကိစ္စမျိုးဖြစ်ပြီဆိုလျှင် ဘတ်ခ်ဟျွန်းက ထိပ်ဆုံးကပင်။ တက္ကသိုလ်၏ အတင်းအဖျင်း မှန်သမျှ သိသည့် သတင်းနှင့် ပြန်ကြားရေး ကောင်က သူအား မေးခွန်းလာထုတ်နေသည် ဆိုကတည်းက မဟုတ်သေး...။

"အာ... ဒီနေ့ တနင်္လာနေ့ဆိုတာ မေ့ပြီး ညက တော်တော်များသွားတယ်။ မနက်အတန်းတောင် လွတ်သွားတယ်လေ။ အဲ့ဒါ ထားစမ်းပါ ဘာဖြစ်တာလဲ မြန်မြန်ပြောဆို"

စားပွဲပေါ်တင်ထားသည့် ဆယ်ဟွန်း၏ လက်တစ်ဖက်ကို ကိုင် လှုပ်ရမ်းလိုက်ရင်း နှုတ်ခမ်းဆူကာ ပြောလိုက်သည်။

"ရား! လွှတ်စမ်း"

ဆယ်ဟွန် အသံအနည်းငယ်မြှင့်ကာ အော်ပြီးနောက် ဆယ်ဟွန်း လက်ကို ရုန်းလိုက်သည်။

"မင်းမှ ဖုန်းရှိတာပဲ ကိုယ့်ဘာကိုယ် ကြည့်လိုက်"

"မင်းက ဘာလို့ ခုထိ ဒီမှာ ရှိနေတာလဲ။ နေ့လည်တောင် ရောက်နေပြီကို"

ဘတ်ခ်ဟျွန်း ဘောင်းဘီအိတ်ထဲမှ ဖုန်းကို ထုတ်နေရင်း ချန်းယောလ်ဆီ လှည့်ပြောလိုက်သည်။ သို့သော်လည်း စိတ်နှင့်ကိုယ် ကပ်ပုံမရသော ချန်းယောလ်က ကြားပုံမရပါ။

"ချန်းယောလ်...ငါပြောတာ ကြားလား။ မြန်မြန်လစ်တော့ နောက်ကျနေရင် စိတ်ဆိုးနေမယ်"

မနေ့ညကတည်းက ပိတ်နေပုံရသော ဖုန်းကို အားသွင်းပြီး ဖွင့်နေသော ဘတ်ခ်ဟျွန်းက တဆက်တည်း ပြောပြန်သည်။

Begin Again (U/Z)Where stories live. Discover now