(Unicode)
BEGIN AGAIN
"ဘယ်သွားမလို့လဲ"
"ဘယ်ရမလဲ 'မောင့်' ဆီပေါ့"
ချန်းယောလ်က ကျောင်းကို စာသင်ဖို့လာသလား။ ဂယောင်ဆူးနှင့် တွေ့ဖို့ လာသလား မသဲကွဲပါ။ ကျောင်းရောက်လာသည်နှင့် 'မောင်' 'မောင်' နှင့် တစ် 'မောင်'တည်း 'မောင်' နေသည်မို့ အမြင်ကတ်နေပြီ ဖြစ်သည်။
ဆယ်ဟွန်းက တစ်မေဂျာတည်း မဟုတ်လေတော့ ဒီဒဏ်ကို သိပ်မသိ။
"ခုကရော ဘာသွားလုပ်ဦးမလို့လဲ"
"ကိုယ့်အသည်းလေး ရှိတဲ့နေရာ သွားတာပဲ အကြောင်းပြချက်ရှိရမှာလား"
ဘတ်ခ်ဟျွန်းက မနိုင်ဘူးဆိုသည့် ပုံနှင့် ခေါင်းတစ်ခါခါ လုပ်ရှာသည်။
banana milk ဘူးလေး ကိုင်ကာ ကျွန်တော် 'မောင်'တို့ အဆောင်ဖက် ရောက်လာသည်။ 'မောင်' အခန်းဆီ မသိမသာ ချောင်းကြည့်လေတော့ 'မောင်'က ရှိမနေပါ။
"ဘယ်သွားတာလဲ"
အဆောင်တွင်း လျှောက်ပတ်ကာ ရှာသော်လည်း မတွေ့။ ကျောင်းများ မလာဘူးလား။ 'မောင်'ကို ကြည့်ပြီးမှ ပြန်မည်ဟု တွေးထားသော်လည်း အတော်ကြာစောင့်နေသည် အထိ ပေါ်မလာ၍ ကျွန်တော် လက်လျော့လိုက်ရသည်။
ကျွန်တော့်အား ရှောင်နေတာများလားဟု စဉ်းစားမိပေမဲ့ ကျွန်တော် အခုလို သူအား လာချောင်းတတ်သည်ကို 'မောင်' မသိပေ။
လုပ်နေကြအတိုင်းပင် banana milk ဘူးပေါ်တွင် Do KyungSoo ဟူသော နာမည်လေးရေးပြီး အသည်းခပ်ကြီးကြီးဆွဲကာ locker ပေါ်တွင် တင်ထားခဲ့သည်။
'မောင်' သောက်မှ သောက်ပါရဲ့လား မသေချာပေမဲ့ ကျွန်တော်ကတော့ နေတိုင်း မျှော်လင့်ချက်တို့နှင့် ရောက်လာတတ်သည်။
"လိုက်ပို့ပေးလိုက် ကျေးဇူးတင်ပါတယ်"
အဆောင်ရှေ့ ပြန်ထွက်လာရင်း ရင်းနှီးနေသော အသံခပ်ဩဩကြောင့် ကျွန်တော် အသံလာရာဆီ လှမ်းကြည့်လိုက်သည်။
တစ်စုံတစ်ယောက်အား ပြုံးရွှင်စွာ စကားပြောနေသူ 'မောင်'ပင်။ ကျွန်တော်ကို မြင်လျှင် မျက်နှာ ခပ်တည်တည်သာ နေတတ်သည့် 'မောင်'ကို တခြားတစ်ယောက်နှင့် အခုလို တွေ့ရတော့ ဂျေကိုက်မှုက level မြင့်တက်လာသည်။
YOU ARE READING
Begin Again (U/Z)
Historia Cortaစစ်မှန်ခြင်း မစစ်မှန်ခြင်းက တကယ်တော့ ကိုယ့်တွက် အရေးမကြီးပါဘူး။ ထောင်ပေါင်းများစွာသော တောင်းဆုတွေထဲက ကိုယ်လိုချင်တာ မင်းတစ်ယောက်တည်းပဲ။ ကိုယ်သိတာက မနက်ဖြန်တိုင်းကို မင်းနဲ့အတူ ကုန်ဆုံးချင်တယ်။ ကိုယ့်ရဲ့အချိန်တွေကို ရပ်တန့်ပေးရမယ်ဆိုရင်တောင် ဝန်မလေး...