Rebirth

260 48 1
                                        

(Unicide)

BEGIN AGAIN

မျက်နှာထက် ဖြာကျနေသော နေရောင်ခြည်စူးစူးကြောင့် မျက်မှောင်ကြုပ်လိုက်မိသည်...။

နိုးထလာသော မနက်ခင်းက မနေ့ညကနှင့် မတူစွာပင် ပေါ့ပါးလန်းဆန်းနေ၏။ ကျေးငှက်သံတို့ ကြားရလေ့မရှိသော ကျွန်တော်တို့ တိုက်ခန်းက ထူးဆန်းစွာတွင် တဂျီဂျီ တဂျာဂျာ အသံတို့နှင့် ပြည့်နှက်နေသည်။

နူးညံ့အိစက်နေသော အထိအတွေ့က အိပ်ယာထက် ရောက်နေကြောင်းကို အသိပေးလျက်...။

ရှုပ်ထွေးနေသော မှတ်ဉာဏ်တို့ကြောင့် ဆံပင်အား ခပ်ကြမ်းကြမ်းဆွဲဖွလိုက်ရင်း ထထိုင်လိုက်သည်။ ကျွန်တော် ဘယ်လိုကြောင့် အိပ်ယာပေါ်ရောက်နေရသလဲ။

မနေ့ညက bathtubထဲ အချိန်အတော်ကြာဖြုန်းနေမိခဲ့သည်ကို သတိတရရှိပါသော်လည်း ဘယ်လိုဘယ်ပုံ အိပ်ယာဝင်ခဲ့သည်ကို မမှတ်မိ...။

စိတ်ရှုပ်ထွေးစွာပင် ငေးမှိုင်နေမိစဉ် အပြင်ဖက်မှ လှုပ်ရှားသံတို့က အခန်းနံရံကို ကျော်ဖြတ်ကာ ကျွန်တော့် နားစည်ထံ လာရောက် ထိရိုက်သည်။

အခန်းတံခါးဆီ အကြည့်ရောက်သွားရင်း အတွေးထဲ ရောက်လာသည့် မျှော်လင့်ချက်အပိုင်းအစတို့က ကျွန်တော်အား အိပ်ယာပေါ်မှ ခုန်ပေါက်ကာ ထရပ်မိစေသည်အထိပင်။

မောင်? ဂယောင်ဆူးလား?

တံခါးလက်ကိုင်ဆွဲကိုင်လိုက်သည့် လက်အစုံက ချွေးစို့နေသည်။ ကျွန်တော့် 'မောင့်' အား အမှန်တကယ် မြင်ရဖို့ မျှော်လင့်နေမိသည်။

ကျွန်တော့် မှတ်ဉာဏ်ထဲ ရှိနေသည့် အဖြစ်အပျက်များအားလုံးကို အိပ်မက်ဆိုးကြီးတစ်ခုအဖြစ် ပြောင်းလဲပေးပါ ဘုရားသခင်...။

"မောင်!"

ကျွန်တော့်အသံ၏ ကျယ်လောင်မှုက တိုက်ခန်းတစ်ခုလုံး ဖုံးလွှမ်းသွားစေဖို့ လုံလောက်ပါသည်။ 'မောင်' ဟူသော အခေါ်အဝေါ်ကို ကြားလျှင် ပြုံးလာမည့် သူ့မျက်နှာလေးအား ကျွန်တော် မှန်းဆ၍ရနေပါ၏။

"အမေ?"

အခန်းတံခါးဖွင့်သည်နှင့် မြင်လိုက်ရနေသော အမေ့မျက်နှာကြောင့် ကျွန်တော် ခြေလှမ်းတို့ရပ်တန့်သွားရသည်။ ထိုအတူ့ ရင်ထဲဆို့တက်လာသည့် ဝမ်းနည်းမှု...။

Begin Again (U/Z)Where stories live. Discover now