(Unicode)
BEGIN AGAIN
"အဲ့ လက်စွပ်က ဘာလဲ"
ကျွန်တော်တို့ သူငယ်ချင်း သုံးယောက် တူတူသောက်ဖြစ်ကြရင်း ဆယ်ဟွန်း မေးလာသော မေးခွန်း။
"ဘယ်ဟာလဲ"
ဘတ်ခ်ဟျွန်း၏ အမေးကို သူက မေးဆတ်ပြရင်း ညွှန်ပြလာသည်။ လားရာက စားပွဲပေါ်တင်ထားသည့် ကျွန်တော် လက်ဆီသို့...။ ကျွန်တော့်လည်း ကိုယ့်လက်ကို ကိုယ် ပြန်ကြည့်လိုက်မိရင်း အံ့အားသင့်သွားရသည်။
လက်စွပ်။ ကျွန်တော်နှင့် ဂယောင်ဆူး၏ လက်ထပ်လက်စွပ်။
"ပြစမ်း"
အရည်ဝင်ကာ မူးရစ်ရစ်ဖြစ်နေသော ဘတ်ခ်ဟျွန်းက ကျွန်တော် လက်ကို အတင်းဆွဲပြီး ရီဝေဝေပြော၏။
"မင်း လက်ထပ်လိုက်ပြီလား။ ဘယ်တုန်းကလဲ။ "
"ဘာလဲ ဆိုဂျင်းကို လက်ထပ်ခွင့်တောင်းလိုက်တာလား။ မြန်လိုက်တာ မင်းဟာက"
"ဘာလို့ တစ်ခုခုဆို သူ့ပဲ မေးနေရတာလဲ။ သူနဲ့ ငါပြတ်သွားပြီ"
ကျွန်တော် စိတ်တိုတိုနှင့် အော်ထုတ်ပစ်လိုက်သည်။
ဒီလက်စွပ်က ငါနဲ့ ဂယောင်ဆူးနဲ့ပဲဆိုင်တဲ့ လက်စွပ်ကွ။
လက်ထပ်လက်စွပ်ဆိုတာ မှန်ပေမဲ့ အတိတ်ကာလတစ်ခုနှင့် မသက်ဆိုင်သေးသည့် အရာတစ်ခုက ဘာကြောင့် ကျွန်တော်တွင် ရှိနေရသနည်း။ အတိတ်ကို ပြန်ရောက်သွားတာ မဟုတ်ပဲ အိပ်မက် မက်နေတာများလား။
"ဘတ်ခ်ဟျွန်း ငါ့ကို တစ်ချက်လောက် ထိုးစမ်း။ အားထည့်...."
/ဘုန်း/ /ချလွမ်း/
စကားမဆုံးခင် မျက်နှာပေါ်ကျရောက်လာသော လက်သီးချက်ပြင်းပြင်းကြောင့် ကျွန်တော် ထိုင်ခုံ ပေါ်မှ ပလက်လှန်ကာ ပြုတ်ကျသွားပြီး စားပွဲပေါ်မှ ပုလင်းတစ်ချို့ ကြမ်းပြင်နှင့် ထိရိုက်ကာ ကွဲကုန်တော့သည်။
လဒက ဘယ်ကတည်းက ငြိုးထားသလဲမသိပါ။ အထိုးခံလိုက်ရသည့် နှာခေါင်းက ပူထူကာ ထုံထိုင်းသွားရသည်။ ခွေးကောင်။
"ချန်းယောလ်!!!"
ဆယ်ဟွန်းထံမှ အသံကျယ်ကျယ်။ ထို့ပြင် ဘတ်ခ်ဟျွန်း၏ တခစ်ခစ်ရီသံ။
YOU ARE READING
Begin Again (U/Z)
Povídkyစစ်မှန်ခြင်း မစစ်မှန်ခြင်းက တကယ်တော့ ကိုယ့်တွက် အရေးမကြီးပါဘူး။ ထောင်ပေါင်းများစွာသော တောင်းဆုတွေထဲက ကိုယ်လိုချင်တာ မင်းတစ်ယောက်တည်းပဲ။ ကိုယ်သိတာက မနက်ဖြန်တိုင်းကို မင်းနဲ့အတူ ကုန်ဆုံးချင်တယ်။ ကိုယ့်ရဲ့အချိန်တွေကို ရပ်တန့်ပေးရမယ်ဆိုရင်တောင် ဝန်မလေး...