Still With Maung~
(Unicode)
Taehyung ကော်ဖီဆိုင်လေးအတွင်းမဝင်ဘဲ J
အပြင်မှာသာ ခိုးချောင်ခိုးဝှက်ချောင်းနေသည်။ဒီနေ့ဆို တစ်ပတ်ရှိနေပြီ။ဆိုင်ထဲဝင်ဖို့အတွက်ခက်ခဲနေတယ်။
အကိုက စိတ်ဝင်စားဖို့ကောင်းတယ်။
ကိုရီးယားလူမျိုးဖြစ်မည်ဟုလည်း ထင်သည်။ဆိုင်ထဲမှာ အလုပ်တွေလုပ်နေတဲ့ အကိုက ရယ်မောနေသည်။
Taehyung လက်ထဲ ဗီနိုင်းအသေးလေးယူကာ
ဆိုင်အပြင်သို့ထွက်လာသည်။ဒါကိုမြင်တဲ့ J က ချက်ချင်း ပျာယာခတ်သွားသည်။
လေလေးချွန်ကာ ဆိုင်ရှေ့မသိသလိုရပ်နေသည်။Taehyung သတိမထားမိမှန်းသိတော့...
"အဟမ်း...အဟမ်း..."
လည်ချောင်းရှင်းသံလုပ်ကာ Taehyung သတိထားမိအောင်လုပ်နေသည်။
ဒါလည်း ဂရုမစိုက်တဲ့ Taehyung က ဗီနိုင်းအသေးလေးကို ဆိုင်ရဲ့မှန်တံခါးပေါ် သေချာစွာချိတ်ဆွဲနေသည်။
ခေါင်းလေးကုတ်ကာ J ဘာဆက်လုပ်ရမှန်းမသိတော့...
" အဟမ်း....အဟမ်း... အဟွတ်...အဟွတ်..."
J စီမှချောင်းဆိုးသံတွေပါ ထွက်လာခဲ့သည်။
" ဆိုင်ရှေ့လာပြီး ရောဂါပိုးဖြန့်နေတာလား..."
Taehyung စီမှ စကားသံလေးထွက်လာခဲ့သည်။
" ဟာ...အကို..."
"အင်း..."
J ချက်ချင်း Taehyung အနား ရောက်လာခဲ့သည်။
" အကို...ဟို...ဟိုဟာလေ..."
" ဆိုင်ရှေ့ ခနခန လာမချောင်းနဲ့...နောက်တခါဆို
ရဲကိုဖုန်းဆက်လိုက်မယ်..."" ဟာ...အကိုက ကျနော်လာချောင်းနေမှန်းဘယ်လိုသိတာလဲ..."
Taehyung သက်ပြင်းလေးချလိုက်ကာ...
" မင်းရဲ့ပုံစံကိုလည်း ပြန်ကြည့်အုံးလေ..."
" ကျနော့်ပုံစံက ဘာဖြစ်နေလို့ ဗျာ့..."
တစ်ကိုယ်လုံး အမဲရောင်တွေဝတ်ထားသည့်အပြင် မက်စ်တွေပါတပ်ထားသည့် J က အဝေးကကြည့်မယ်ဆို လူတွေဘယ်လိုထင်ကြ
မလဲ ခန့်မှန်းလို့ရပါသည်။ဒီကြားထဲ ဂီတာကပါသေး။
![](https://img.wattpad.com/cover/311971787-288-k656177.jpg)
YOU ARE READING
Still With Maung~(Complete)