Still With Maung~
(Unicode)
ဆိပ်ကမ်းနားကို ရောက်တာနဲ့ တိခနဲရပ်သွားသည့် စက်ဘီးလေး။
"လာ...အကို..."
" ခန...မင်းဘယ်သွားမလို့လဲ..."
J Taehyung ကိုတံတားအောက်က မော်တော်ဘုတ်လေးတွေထားတဲ့နေရာကို ဆွဲခေါ်သွားသည်။
အပျော်စီးမော်တော်ဘုတ်လေး ပေါ် ဒက်ချ့်ကောင်လေး အုပ်စုက စောင့်နေသည်။
J ကို မြင်တော့...
" JK...မင်းနောက်ကျတယ်ကွာ..."
" နည်းနည်းလေး နောက်ကျသွားတာပါ..."
Taehyung ကြောက်တာကြောင့် J ရဲ့ ကိုယ်လေးနှင့်ကွယ်ထားရင်း ပုန်းနေသည်။
ဒါဟိုတခါက အခန်းရှေ့မှာ အပီအပြင်နမ်းနေတဲ့သူ။
ထိုလူငယ်အုပ်စုထဲမှတစ်ယောက်က Taehyung နှင့် J ကို ကြည့်ကာ...
" ငါတို့ သွားတော့မယ်...မင်းရဲ့ အချစ်ခရီးလေး
ဆက်ကြတော့..."" Thanks Bros..."
J ကခပ်ပြုံးပြုံးနှင့်ပင်။
" အငယ်လေးကတော့ စွန်နေပြီ...ငါတို့သွားကြမယ်ဟေး..."
မော်တော်ဘုတ်လေးထဲမှ ထိုလူငယ်အုပ်စုလေး ကဆင်းလာရင်း...
" အလှလေးကို လက်မလွှတ်နဲ့..."
ထိုအုပ်စုထဲက အကြီးဆုံးဖြစ်သူက Taehyung ကိုကြည့်ရင်း အလှလေးကို သုံးနှုန်းလိုက်သည်။
နောက်တော့ J ကို မျက်စိတစ်ဖက်မှိတ်ပြသွားသည်။ထိုအုပ်လေးက အမြဲဆူဆူညံညံနေတတ်သည်။
ဂီတာလေးကိုယ်စီကလည်း အမြဲဆောင်ထားသည်။
လမ်းသရဲလေးတွေလို ထင်ရသည်။J ထိုမော်တော်ဘုတ်လေးပေါ် အရင်တက်သွားကာ...
" လာအကို..."
လက်လေး ကမ်းပေးသည်။
" ငါ....ငါကြောက်တယ် Jonathan... "
" ဘာမှမဖြစ်ပါဘူး...ကျနော်ရှိပါတယ် အကို...
လာ...ကျနော့်လက်ကို ကိုင်ပြီး တက်လိုက်..."Taehyung ကြောက်နေသည်။
တစ်ခါမှမစီးဖူးတဲ့အပြင် မောင်းမဲ့သူလည်း မပါ
လူတွေလည်း တစ်ယောက်မှမပါတာကြောင့်ပင်။
J နှင့် Taehyung နှစ်ယောက်တည်းသာရှိသည်။
ESTÁS LEYENDO
Still With Maung~(Complete)