Still With Maung~(Unicode)
J Taehyung လက်လေးကို ကိုင်ကာ လမ်းလျှောက်နေလျက်။
လက်ဖျံတစ်လျှောက်နှင့် လက်မောင်းနားတစ်ဝိုက်က ကိုက်ရာတချို့၊လက်သည်းရာတွေ
ကို Taehyungအကြည့်ရောက်မိသည်။
ဂီတာကလည်း လွယ်ထားသေး။နာများနေမလား။ဒါနဲ့ ဘာလို့ လက်တိုက ဝတ်ထားရတာလဲ။
ဒီအရာတွေနဲ့ကို တမင်ပြချင်နေတာလို့တော့ မပြောမိပါစေနဲ့။" Jonathan... "
" ဗျာ အကို..."
" မင်းဘာလို့လက်တိုကြီးဝတ်ထားတာလဲ... "
J ကသူ့ကိုယ်သူပြန်ကြည့်ရင်း...
" ဘာဖြစ်လို့လဲ..."
" ဘာဖြစ်ရမှာလဲ...မင်းလက်ကအရာတွေနဲ့လေ လူတွေကြည့်မှာ မရှက်ဘူးလား..."
" အော်...အဲ့တာတွေလား...မရှက်ပါဘူး...အကိုလုပ်ထားတာပဲလေ...နောက်ပြီး မနေ့ညကကျနော်က အကို့အိမ်မှာလေ လဲစရာအင်္ကျီကရောရှိလို့လား..."
ဟုတ်ပါရဲ့။ သူနဲ့တော်တဲ့ အင်္ကျီကလည်း ကျနော့်စီမှာမရှိ။
" ခန...ခနနေအုံး..."
Taehyung သူဝတ်လာတဲ့ အပေါ်ဝတ်လောင်ကုတ်အဖြူအမဲကွက်လေးကို ချွတ်လိုက်သည်။
" ရော့...ဒါဝတ်ထား...ဒါတော်လောက်တယ်...ငါ့စီအကြီးဆုံးအင်္ကျီပဲ..."
" မဝတ်ချင်ပါဘူး..."
" ဝတ်ထားလို့ ငါပြောနေတယ်မလား..."
Taehyung ခြေဆောင့်ကာပြောလိုက်သည်။
" နှမြောစရာကောင်းအောင်လို့..."
" ဘာတွေနှမြောနေတာလဲ..."
" ဒီအရာတွေကို ဖုံးထားရမှာကို နှမြောလို့... "
J က အော်ပြောလိုက်သည်။
အဲ့တော့မှဘေးက ဖြတ်သွားတဲ့သူအချို့ကလည်း J နဲ့Taehyung ကို ကွက်ကြည့်ကွက်ကြည့်လုပ်ကာ ရယ်သွားကြသည်။
J လက်က အရာတွေကို တမျိုးထင်သွားတာကြောင့်ပင်။" ဝတ်လိုက်နော်...ငါရှက်လာပြီ..."
" ကဲဗျာ...ဝတ်စေချင်ရင်အကိုကိုယ်တိုင် ကျနော့်ကို ဝတ်ပေး..."
YOU ARE READING
Still With Maung~(Complete)