Still With Maung~(Unicode)
မေးလေးထောက်လျက် စာအုပ်လေးထဲအာရုံရောက်နေသည်။
မျက်မှန်လေးကို ပင့်တင့်လိုက်ကာ စာရွက်လေးကို နောက်တစ်ရွက်လှန်နေသည်။နဖူးပေါ်ကျနေသည့်ဆံနွယ်လေးကို နောက်သို့ လှန်တင်လိုက်သည့် Taehyung...
ထိုလှပတဲ့ မြင်ကွင်းကိုအပြင်မှ ခွက်လေးတွေကို ရေသုတ်ရင်းစိတ်ဝင်တစားငေးကြည့်နေသည့် J...
" လှတယ်..."
J တိုးတိုးလေးရေရွတ်နေသည်။
ဘေးနားမှ Cami မှ J ကိုသတိထားမိသွားကာ...
" အလုပ်ကို အာရုံစိုက်...ခွက်တွေကွဲတာလည်း မနည်းတော့ဘူး..."
ဟုတ်လည်းဟုတ်ပါသည်။
အလုပ်စလုပ်တဲ့နေ့ကစပြီး ဖန်ခွက်တွေကွဲအောင်လုပ်မိနေတာ။
ဒီနေ့နဲ့ဆို ခွက်ပေါင်းမနည်း။
အကိုက ကျနော့်ကိုခေါ်လည်းမဆူတောဘူး။
ကြည့်ရတာ ဘေးမဲ့ပေးလိုက်ပုံပဲ။" Cami... ကျနော် မေးစရာတစ်ခုရှိတယ်..."
" မေးလေ..."
" အကိုက အမြဲအဲ့အတိုင်းပဲလား..."
" ဘာကို ဆိုလိုချင်တာလဲ..."
" ကျနော်ပြောချင်တာက အကိုက အမြဲ စာအုပ်တစ်အုပ်နဲ့ပဲထိုင်နေတတ်တာလား..."
" ဟုတ်တယ်...Boss ကအမြဲအေးအေးဆေးဆေးနေတတ်တာ...အပြင်တွေလျှောက်သွားတာလည်းသိပ်မရှိဘူး...အိမ်နဲ့ဆိုင်ပဲ... "
Taehyung ကို J ပြန်ကြည့်ရင်း...
" ပျင်းစရာကောင်းလိုက်တာ အကိုရယ်..."
စိတ်မကောင်းဖြစ်နေသည့်ပုံနှင့် J က ချက်ချင်း
အကြံတစ်ခုရသွားခဲ့သည်။အေပရွန်ကို ချွတ်ကာ ခုံပေါ်တင်လိုက်ရင်း...
" အကို့ကို ကျနော် ဒီတိုင်းကြည့်မနေနိုင်ဘူး..."
Taehyung အခန်းလေး J ခြေလှမ်းကျဲတွေဖြင့်
ဝင်သွားခဲ့သည်။" အကို!..."
" အမလေး!...လန့်လိုက်တာ...ဘာဖြစ်တာလဲ... "
တံခါးပင်မခေါက် ဒုန်းစိုင်းဝင်ဘာသည့် J ကြောင့်
Taehyung လန့်သွားကာ လက်ထဲမှ စာအုပ်လေးပင် လွတ်ကျသွားခဲ့သည်။
YOU ARE READING
Still With Maung~(Complete)