Part-16

2.6K 290 52
                                    


Still With Maung~

(Unicode)

အထက်တန်းကျောင်းရဲ့ နေ့လည် ထမင်းစားကျောင်းဆင်းချိန်။

" ထယ်ရေ...မြန်မြန်လာပါ..."

" လာပြီ မောင်..."

တူညီကျောင်းဝတ်စုံလေးတွေနဲ့ပင်။
လက်လေးတွဲကာ ကန်တင်းဘက်ကိုအတူထွက်သွားသည်။

" မောင်ကိုဒီနေ့အဖြေပြန်ပေးရမှာနော်... "

" ဟို...ဟို..."

Taehyung စကားလမ်းကြောင်းလွှဲဖို့အတွက်
စဥ်းစားနေသည်။

မျက်နှာက ဒဏ်ရာတွေကိုတစ်ချက်ကြည့်ကာ...

" ရန်မဖြစ်တော့ဘူးလို့ကတိပေးရင် အဖြေပြန်ပေးမယ်..."

" အဲ့တာတော့လုံးဝမဖြစ်နိုင်ဘူး..."

Jungkook ဂျစ်ကန်ကန်ပုံလေးဖြင့်ငြင်းလိုက်သည်။

" ဘာလို့..."

" မောင်က ထယ့်ကို ကာကွယ်ပေးဖို့ ရန်ကတော့ဖြစ်မှရမယ်...ထယ်က လှတော့ လာကြောင်တဲ့ကောင်တွေကိုလက်သီးစာကျွေးပြီး ပညာပြရမယ်..."

" မောင်နော်..."

နှုတ်ခမ်းလေးထော်ကာ စူပုတ်ပုတ်လေးလုပ်နေသည့်Taehyung...

" မောင်!...ဘာလုပ်တာလဲ..."

ဘေးက ကျောင်းသားတွေကိုပင် ဂရုမစိုက် Taehyung ကို Jungkook နမ်းလိုက်သည်။

" နမ်းလိုက်တာလေ..."

" ကျောင်းမှာပဲရှိနေသေးတယ်လေ...မောင်ကဘယ်လိုဖြစ်နေတာလဲ..."

" ကြည့်ပလေ့စေ...ဒါမှ ထယ်က မောင့်အပိုင်မှန်းသူတို့သတိရမှာ..."

Jungkook Taehyung အနောက်က ကျောင်းသားတစ်ဦးကို ကြည့်ကာပြောလိုက်သည်။

" အဟမ်း...မောင်နော်...ရန်ထပ်ပစ်ကြည့် ထယ်က အဖြေမပေးဘဲနေမှာနော်..."

" မပေးလို့ကို မရဘူး...ထယ်က မောင့်အပိုင်လို့သတ်မှတ်ပြီးသား..."

ကြီးကြီးကျယ်ကျယ်တွေပြောနေပြန်တယ်။
ကျနော့်မောင်က အရမ်းဆိုးတဲ့ လူဆိုးလေး။
အဲ့လိုအဆိုးလေးကိုမှ ကျနော်ကလည်း ချစ်နေမိတယ်။

" ထယ်ကမောင့်အပိုင်လို့ဘယ်သူက သတ်မှတ်လိုက်တာလဲ ပြောစမ်းပါအုံး..."

Still With Maung~(Complete)Where stories live. Discover now