Still With Maung~(Unicode)
ကော်ဖီခွက်လေးကိုင်ကာ ဟိုဘက်လျှောက်လိုက်
ဒီဘက်လျှောက်လုပ်လိုက်နေသည့် J...
တမနက်လုံးလည်း ဂနာမငြိမ်။
အခုဆိုဆိုင်သိမ်းတော့မဲ့အချိန်လည်း ရောက်နေပြီ။ဒီလိုမျိုးကြီးဖြစ်နေတာတော့မဟုတ်သေးဘူး။
Taehyung က J ကို ရှောင်နေတာကြောင့်တစ်ယောက်တည်း ရောက်ယှက်ခက်နေသည်။
ကောင်တာအခန်းထဲကို ခနခန ခိုးကြည့်မိသည်။
အကိုဘာဖြစ်နေတာလဲ။မနက်ကတည်းကကျနော့်ကိုသိသိသာသာကို ရှောင်နေတာ။
မနေ့ညက နမ်းလိုက်တာကြောင့်များလား။ဒါပေမဲ့ ကျနော်ပါးလေးပဲနမ်းမိတာပါ။J လက်ထဲက ကော်ဖီခွက်လေးက Taehyung ကို ပေးဖို့အတွက်ဖျော်ထားသည်။
" ဟူး... J အားတင်းထားစမ်း..."
ကိုယ့်ကိုယ်ကိုယ်အားပေးရင်း J Taehyung ကောင်တာအခန်းလေးထဲ ဝင်သွားသည်။
" အဟမ်း...အကို..."
" အော..."
" အကို့အတွက် ကော်ဖီ ဖျော်လာတယ်..."
Taehyung က သူ့မျက်နှာလေးကို စာအုပ်နဲ့ကာထားရင်း...
" အင်း...ကောင်တာပေါ်တင်ထားလိုက်..."
အသံလေးတိတ်သွားပေမဲ့ တံခါးဖွင့်ပြီးထွက်သွားသည့် အသံမကြားတာကြောင့် Taehyung စာအုပ်လေးဖယ်ကာ ချောင်းကြည့်သည်။
Taehyungအရှေ့မှာလက်ပိုက်ကာ ရပ်နေသည့် J ကိုမြင်တော့ချက်ချင်း စာအုပ်လေးနဲ့ပြန်ကာလိုက်သည်။
အမလေး စိုက်လည်းကြည့်နေတယ်။ဘာလို့မထွက်သွားသေးတာလဲ။မြန်မြန်သွားပါတော့။
" အကို..."
" ကော်ဖီလာပို့တာမဟုတ်လား...ပို့ပြီးရင်
ထွက်သွားတော့လေ..."" အကို အခု ဘာလုပ်နေတာလဲ..."
" စာအုပ်ဖတ်နေတာလေ..."
" အော်..."
J အသံတိတ်ရယ်ကာ Taehyung အနားတိုးသွားသည်။
Taehyung လက်ထဲက စာအုပ်လေးကို ဆွဲယူရင်း...
" ဘာစာအုပ်မို့လို့ ပြောင်းပြန်ကြီးဖတ်နေရတာလဲ..."
![](https://img.wattpad.com/cover/311971787-288-k656177.jpg)
YOU ARE READING
Still With Maung~(Complete)