Still With Maung~(Unicode)
Taehyungစိတ်ပျက်စွာသက်ပြင်းချမိသည်မှာဘယ်နှကြိမ်ရှိမှန်းမသိတော့ချေ။
ကောင်တာအခန်းမှကော်ဖီဆိုင်လေးအတွင်း ခနခန ကြည့်နေမိတာလည်း ဘယ်နှကြိမ်မှန်းမသိတော့။ဒီနေ့လည်းသူမလာပြန်ဘူး။နှစ်ရက်ရှိနေပြီ။
သူဟိုနေ့က ဒက်ချ့်ကောင်မလေး လာခေါ်သွားကတည်းက လုံးဝပျောက်သွားခဲ့တယ်။
အဲ့ကောင်မလေးက သူ့ရဲ့ ချစ်သူများလား။J ကိုသတိရနေရင်းအတွေးတွေကြား နစ်မြုတ်နေသည့် Taehyung...
မင်းကို စိတ်ပူရတာလည်း ငါ့အတွက်အလုပ်တစ်ခုပါလား။
ကျနော့်စီ အဲ့ကလေးလေး ပြန်မလာတော့ရင်ဘယ်လိုလုပ်ရမလဲ။သက်ပြင်းလေးချလိုက်မိပါသည်။
Taehyung ကော်ဖီဆိုင်လေးကထွက်လာခဲ့တော့သည်။
ညနေလည်းစောင်းနေလေပြီ။J ရဲ့စက်ဘီးလေးကို ကြည့်ရင်း...
"ဒီနေ့လည်း ငါလွမ်းရအုံးမှာပေါ့..."
စက်ဘီးလေးစီးကာ စာအုပ်ဆိုင်သို့သာဦးတည်လိုက်သည်။
အမ်စတာဒမ်မှာ စာအုပ်ဆိုင်တွေအရမ်းကိုများလွန်းသည်။
ကျနော့်လို လူအတွက်ကတော့ လုံးဝကို အံ့ကိုက်ပဲ။
ဖတ်စရာစရာ စာအုပ်တွေလည်းမရှိတော့ဘူး။
သူကြောင့်ပေါ့။သူကိုစောင့်နေရင်း စာအုပ်တွေချည်းဖတ်မိနေတာ အခုတော့ ဖတ်စရာတွေလည်းမရှိတော့။စက်ဘီးလေးကို ဖြေးညှင်းစွာနင်းရင်း Taehyung လေကောင်းလေးသန့်လေးတွေကို ရှူရှိုက်နေသည်။
စာအုပ်ဆိုင်လေးအရှေ့ကို ရောက်မှန်းမသိရောက်သွားခဲ့သည်။
ကြည့်ရတာ ငါမင်းကို တွေးနေမိတာများနေပြီထင်ပါရဲ့။
YOU ARE READING
Still With Maung~(Complete)