Ep (1)

5K 155 1
                                    

Unicode

ကိုရီးယား နိုင်ငံ ရဲ့ သတင်းတွင် ထိပ်ဆုံး က ပါလာတဲ့ သတင်းက..

"နိုင်ငံကျော် အဆိုတော် Jeon Jungkook
Jeon company ရဲ့ တဦးတည်းသောသား
Kim Company ၏ product အသစ်ဖြစ်သည့် Kim Care4u Skincare product အတွက် ပင်တိုင် ကြေညာ Model ဖြစ်သွားခြင်း"

တကမ္ဘာလုံး ကပရိသတ်တွေက ၀မ်းသာနေပေမယ့် မပျော်နိုင်သောသူကတော့ Kim Taehyung နဲ့ Jeon Jungkook တဦး နဲ့ တဦး ကြည့်မရတဲ့ကြားထဲ အဆိုးဆုံးက အလုပ်ကိစ္စဖြစ်နေတော့ ငြင်းမရပေ.. ဖခင်ဖြစ်သူ စီစဉ်တော့လဲ မဖြစ်မနေ လုပ်ရ‌မည်..

"အာ.. မုန်းပါတယ် ဆိုတဲ့ လူနဲ့မှ အလုပ်"ရမှာတဲ့"

"ဟယ်လို..! Mr. Kim Taehyung မတွေ့ရတာ ကြာပြီနော်.."

"အွန်း.."

မ‌တွေ့ရလေ ကောင်းလေပဲ..

"ဒီနေ့ ရိုက်ရမယ့် ပုံစံ ကိုပြောပြ"

"ငါက သူဌေး ဒါရိုက်တာက မင်းကို ပြောပြလိမ့်မယ်.."

"သူဌေး ပြောပြတော့ ပိုထိရောက်တာပေါ့"

"ဒါရိုက်တာ တချက်လောက်!"

"ဟုတ်ကဲ့ပြောပါ သူဌေး"

"သူ့ကို ရိုက်ရမယ့် ပုံစံ နဲ့ ဇာတ်ညွန်း ပြောပြလိုက်"

"ဟုတ်ကဲ့ပါ‌ဗျ"

"Mr. Jeon Jungkook လိုက်ခဲ့ပါ ကျနော် ရှင်းပြပေးပါမယ်"

"အွန်း ဟုတ်ပြီ"

ဒီနေ့ ရိုက်ရမယ့် ပုံစံ နဲ့ လိုက်အောင် တီရှပ် အဖြူ အပါးလေး ၀တ်ထားတဲ့ Jungkook ဒီလို ၀တ်တော့ စိတ်၀င်စားဖို့ ကောင်းသား အားး ဘာတွေပြောနေတာလဲ Kim Taehyung သူလောက် မုန်းစရာ ကောင်းတာသူပဲရှိတယ်..

"ဒီမှာ..!"

"အမ်..?"

"ဘာတွေတွေးနေလို့ ခေါ်တာတောင်မကြားရတာလဲ ဘာလဲကိုယ့်အကြောင်းတွေးနေတာလား အဲ့‌တာဆိုရင်တော့ ဆောရီးပဲ မင်းက ကိုယ့် အကြိုက်ပုံစံမဟုတ်ဘူး"

"ဘာ..! ဒီမှာ မင်းကလဲ ငါ့အကြိုက် မဟုတ်ပါဘူး အာပါး စီစဉ်တာကို ငြင်းမရလို့်သာ.. "

"ဟက်..! ကိုယ့်မှာ မင်းအတွက် အချိန်မရှိဘူး အလုပ်ရှိတယ် လစ်ပြီ ဘိုင့်"

နှောင်ကြိုးWhere stories live. Discover now