Unicode
တော်တော် ကြာမှ သူတို့ ပြန်သတိ၀င်လာတယ်..
"ဟျောင့်.! ငါ့ပေါ်က ဖယ်ပေးဦး"
"ဟမ်? အမ်.. အင်း"
"ဟမ်မနေနဲ့ လွတ်နေရင်လဲ ဖြည့်ထားလိုက် သွားပြီ"
"ဘိုင့် ပေါက်စလေး"
ငါ့များ ပေါက်စလေးတဲ့ မင်းကြီးတော်ကြီး ပေါက်စ..
ရုံးခန်းထဲ ပြန်ရောက်တော့ ကော်ဖီ တခွက် သောက်ပြီး လုပ်စရာ ရှိတာ လုပ်နေတာ နဲ့ နေ့တ၀က် ကျိုးသွားတယ် နေ့လည်စာမစားရသေး ကော်ဖီတွေ ပဲ သောက်နေမိ..
ဒေါက် ဒေါက်..
"၀င်ခဲ့"
"ပေါက်စလေး"
"အမလေး ဟျောင့် မင်းဘာဖြစ်တာတုန်း မင်းကြီးတော် ပေါက်စ ငါမင်းထက် ကြီးတယ်ကွ"
"မရဘူး ကိုယ်ကတော့ ပေါက်စပဲ"
"ပြော လာရင်း ကိစ္စ"
"ပေါက်စလေး ထမင်းမစားရသေးမှန်း သိလို့ နေ့လည်စာလာပို့တာ"
"ထားခဲ့လိုက် ပြီးရင် စားမယ်"
"အခုစား တော်ကြာ ပေါက်စလေး အစာအိမ်ဖြစ်နေဦးမယ်"
"ငါ မအားသေးဘူး"
"ဟျောင်း ပေါက်စလေးကလဲ ကျန်းမာမှ အလုပ်လုပ် နိုင်မှာပေါ့"
"ငါ့ကို ပေါက်စလေးလို့ မခေါ်စမ်းနဲ့"
"ကိုယ်မခေါ်ရင် စားမှာလား"
"စားမယ်"
"အာ့ဆို မခေါ်တော့ဘူး ယောင်းငယ်လို့ ခေါ်မယ်ရလား"
"အဲ့တာလဲ မခေါ်နဲ့"
"ပြီးရော အဲ့တာဆို ပေါက်စလေးလို့ ပဲခေါ်-"
"ပေါက်စ ထက်စာရင် အဲ့တာ တော်သေးတယ် ခေါ် ရတယ် ခေါ်"
"ဟားဟား ဟုတ်ပြီ ယောင်းငယ် ရော့ စား"
"မင်းက ဘယ်ဆိုးလို့လဲ ငါ့အကြိုက်သိသားပဲ"
"ကြိုက်ရင် ၀ အောင်စား"
"စားမယ် စားမယ်"
"ကျန်းမာအောင်နေနော် မောင့်ကို ရင်ကျိုးအောင် မလုပ်ပါနဲ့ကွာ နော် ယောင်းငယ်"