Ep 9

2.3K 68 3
                                    

Unicode

ဘာလို"နဲ့ တစ်လပြည့်သွားပြီ..
လက်ထပ်ရတော့မယ်.. ‌ဂျောင်ကု နဲ့ ထယ်ယောင်းကတော့ မပျော်ပဲ မနေနိုင်..

"သားလေးထယ်ယောင်း"

"ဗျာ အန်တီ"

"အန်တီလို့ မခေါ်နဲ့တော့ မနက်ဖြန်ပဲ အမျိုးတော်တော့မှာ မေမေလို့ခေါ်နော်"

"ဟုတ်ကဲ့မေမေ"

"သားရေ ဂျောင်ကု"

"ဗျာ မေမေ"

"သား ထယ်ယောင်းရောက်နေတယ် အပြင်သွားကြမလို့ မလား"

"ဟုတ်တယ် မေမေ လာပြီ"

"မောင်..!"

တွေ့တာနဲ့ ပြေးဖက်ပါသော ၀က်ဝံလုံးလေး..

"ဟားး ကိုယ့်ယောင်းငယ် လေးက လွမ်းနေတာလား"

"အွန်း အရမ်းလွမ်းနေတာ"

"အ‌မလေး ချစ်တတ်လိုက်ကြတာနော် မနေ့ကမှ တွေ့ထားတာကို"

"ထားလိုက်ပါ မိန်းမရယ်.. လူငယ်တွေပဲလေ"

"သိပါတယ်တော်"

"မေမေ သားတို့ သွားတော့မယ်"

"ဟုတ်ပြီ ကားကို ဂရုစိုက္မောင်းကြနော်"

"ဟုတ်မေမေ"

ကားတစီးနဲ့ ပျော်ပွဲစားထွက်လာသည်..
ကားလေးကို ဟန်မြစ်ဘေး လူရှင်းတဲ့နေရာမှာ ရပ်လိုက်ပြီး ကားကို အမိုးလေးဖွင့်ကာ သီချင်းအေးအေးလေး တပုဒ်ကို ဖွင့်ပြီး

ကားနောက်ခန်းက ရေခဲစိမ်ထားတဲ့ ဘီယာ ကိုယူလိုက်ပြီး တစ်ယောက်တစ်ဘူး ဆီဖောက်သောက်ရင်း တယောက်အတွေးတမျိုးစီနဲ့..

"မောင်.."

"အမ်း ယောင်းငယ်ပြော"

" မောင် ယောင်းငယ်ကို ချစ်လား"

"ချစ်တာပေါ့ကွာ.. ယောင်းငယ် လပြည့်နေတာကို တွေ့လား.."

"အွန်း တွေ့တယ်လေ"

"ယောင်းငယ်က ကိုယ့်ဘ၀ ကိုအလင်းရောင် ပေးနိုင်တဲ့ အဲ့လပြည့်လေး လိုပဲ"

"ဟားး မောင်က အပိုတွေပြောပြီ"

"အပိုမပြောတတ်ဘူး"

"ဟုတ်ပါပြီ"

ဆေးလိပ်တလိပ်ကို ထုတ်လိုက်ပြီး မီးညှိရင်း ဆေးလိပ်ကို ဖွာလိုက်တယ်..

နှောင်ကြိုးWhere stories live. Discover now