Ep (3)

3.2K 125 1
                                    

Unicode

တီ တီ တီ..

နိုးစက်လေးတောင် အချက်ပေးရတဲ့ အထိ အိပ်ပျော်သွားတာလား..

မနေ့ညက ကလေးကို တွေ့ပြီး ကတည်းက အိပ်မက္ ထဲ မှာလဲ တွေ့ဖြစ်တယ်.. အယ် ဟုသား ဒီနေ့ ကလေးဆီ သွားရမှာပဲ..

ရေမိုးချိုးပြီး စီးနေကျ ပြိုင်ကား အနက်လေး ကို ထုတ်ပြီး စီးလာခဲ့တယ်..
ဟော.. ဟိုမှာ ကလေး သူ့အလုပ်သမားတွေကို ပြောနေတာလေးက နှုတ်ခမ်းလေး ဆူလို့.. အသဲယားတယ်ကွာ..

"အဟမ်း..!"

"အမလေး မြတ်စွာဘုရား"

"ဟဟ လန့်သွားတာလား တော်တော် ကြောက်နေတယ်နဲ့ တူတယ်.."

"ကြောက်စရာလား ငါမင်းကို မဆဲချင်သေးလို့နော်..!"

"အွန်း ထားပါ အခုတော့ studio ထဲဒိုးပြီ လွမ်းရင် လိုက်ခဲ့"

ဒီကောင် တော်တော် အမောက်ထောင်တာပဲ.. ဟူးး

ဒေါက် ဒေါက်

"၀င်ခဲ့ပါ"

"ဒါရိုက်တာကြီး ကျနော် ထယ်ယောင်းပါ"

"အော် သူဌေး ဟုတ် လာကြည့်တာမလား"

"ဟုတ်တယ်"

"ဒီနေ့ ဘာscene ရိုက္မှာလဲ..?"

"မင်းသမီး မရောက်သေးဘူး ထင်တယ်"

"မင်းသမီး နဲ့ ရိုက်ရမှာလား?"

"ဟုတ်တယ် သူဌေး kissing scene မို့ပို အရေးကြီးတယ်.."

Kissing scene.. ဒီအခွင့်အရေးကို အသုံးချရမယ်.. ကလေးရှေ့ မှာ သ၀န်တိုအောင် လုပ်ပြရမယ်.. ကလေးရေ ခိုးချစ်ရတာ မလွယ်ဘူးကွာ..

"မင်းသမီး ရောက်ပြီ.."

"စရိုက္မယ်နော်"

"မောင်.."

"ဗျာ.."

" ဘေဘီ့ နှုတ်ခမ်းလေး ကို သုတ်ပေးဦးလေ"

"ဟုတ်ပါပြီ ဗျာ.."

Kissing scene အတွက် နှုတ်ခမ်း နှစ်စုံ ထိစပ်ရန် အပြင်..

"နေဦး..! ရပ်!"

"ဘာလို့လဲ သူဌေး"

"Kissing scene ကြီးက တကယ်နမ်းတာလား"

"မနမ်းပါဘူးဗျ အော် သူဌေးက Mr. Jungkook နဲ့ စေ့စပ်ထားတာ ဆိုတော့ သ၀န်တိုနေတာ နေမှာ.."

နှောင်ကြိုးWhere stories live. Discover now