Unicode
ပြတင်းပေါက်က ဖြာကျ လာတဲ့ နေရောင်ခြည်ကြောင့် ထယ်ယောင်းတယောက် နိုးလာခဲ့တယ်..
"ကျစ် အား နာလိုက်တာ"
မနေ့ညက ဒဏ်တွေကြောင့် အောက်ပိုင်းတခုလုံး နာကျင်ကိုက်ခဲ..
"နိုးနေပြီဆိုလဲ ငြိမ်ငြိမ်နေလေ ယောင်းငယ်ရဲ့"
မနေ့ညက ထယ်ယောင်း တော်တော် မူးနေတာကြောင့် ဘာမှမမှတ်မိလိုက်..
ဂျောင်ကု!ဟမ်..? ငါမနေ့ညက တော်တော် လွတ်သွားတာပေါ့..
အားးး ထယ်ယောင်းရာ သေလိုက်ပါတော့.. အိပ်ရာပေါ်က ထဖို့လုပ်လိုက်တော့ ဆွဲချ လိုက်တဲ့ လက်တစ်စုံ..
"ငြိမ်ငြိမ်နေကွာ ယောင်းငယ်"
ဒီလို အနီးကပ် ကြည့်တော့လဲ ဂျောင်ကု က ခန့်သားပဲ.. မကောင်းတဲ့ အမြင်နဲ့ ကြည့်နေမိလို့ ကြည့်မရမိတာ..
"ကိုယ်အဲ့လောက်ချောလို့လား ယောင်းငယ်"
"အမ်..?"
"ယောင်းငယ်ကွာ ကလေးလေး ကျနေတာပဲ ငြိမ်ငြိမ်ကို မနေဘူး ကိုယ် ပင်ပန်းထားပါတယ်ဆို.."
"မင်းဘာသာမင်း လုပ်လို့ ပင်ပန်းတာလေ"
"အယ် ယောင်းငယ်က မင်းလို့ ပြောနိုင်သေးတယ်ပေါ့ နောက်တချီ ထက်စလိုက်ရမလား?"
"မစနဲ့ မင်းလို့ မခေါ်လို့ ဘယ်လိုခေါ်ရမှာလဲ"
"မောင်လို့ခေါ်"
"ကြီးတော်ကြီးကို မောင် မခေါ်နိုင်ဘူး"
"မခေါ်နိုင်ရင် ရေချိုးဖို့ မကူဘူး"
"မင်းမကူလဲရတယ် ငါ့ဘာသာ ငါသွားနိုင်တယ်"
အိပ်ရာပေါ်က ဆင်းဆင်းချင်းပဲ အားလျော့ကာ မတ်တပ်ရပ်နေရင်းက ထိုင်ချမိသွားတယ်..
"ကိုယ်ပြောတယ်မလား"
"အဟင့် သေနာရီး ငါ့ကို လမ်းမလျှောက်နိုင်အောင် လုပ်တာ ငါ့ကို ရေချိုးဖို့ ကူပေး"
"အာ့ဆို မောင်လို့ခေါ်"
"တော်တော် အခွင့်ကောင်းယူတာပဲ မောင် ငါ့ကို ရေချိုးဖို့ကူပေးဦး"