‼️ Ep (5) ‼️

3.7K 102 9
                                    

Unicode

Warning ‼️

Idol image ထိခိုက်လိုစိတ်မရှိပါ ‼️ ဇာတ်လမ်း အရ ရေးခြင်းသာ..‼️
ဒီအပိုင်းမှာ ကြမ်းမည့် အတွက် မကြိုက်ရင် ကျော်ဖတ်နိုင်ပါတယ်‼️

.
.
.
.
.

ဒီနေ့ အလုပ်ကိစ္စ ဧည့်သည် တစ်ယောက် နဲ့ ချိန်းထားလို့ Café ကို ရောက်နေသည့် ထယ်ယောင်း..

" Mr. Taehyung "

"အော်.. ရောက်လာပြီပဲ"

"စောင့်ရတာ ကြာသွားလားဗျ ကားနည်းနည်း ကျပ်နေလို့ပါ"

"မကြာသေးပါဘူးဗျ"

"ဟုတ် အဲ့တာဆို အလုပ်ကိစ္စ အကြောင်းလေး ဆွေးနွေးရအောင်"

"ဟုတ်ကဲ့"

အလုပ်ကိစ္စ အကြောင်း ဆွေးနွေးနေတာ နာရီ၀က်လောက် အကြာမှာ..

ဂျောင်ကု သူငယ်ချင်းတွေနဲ့ club မှာ ချိန်းထားလို့ သွားတဲ့ လမ်းမှာ Café တခုမှာ ရင်းနှီးတဲ့ မျက်နှာ တခု.. ယောင်း ဟုတ်တယ် ယောင်း.. ဟက်! ပိုင်ရှင် မရှိတုန်း ပျော်နေတာပေါ့..!

" JEON TAEHYUNG!! "

ကြားနေကျ အသံမို့ လှည့်ကြည့်စရာ မလိုပဲ ဘယ်သူလဲ ဆိုတာ သိ‌နေပြီးသား

"ပြော"

"ခများက ကျုပ်မရှိ တုန်း သာယာနေတယ်ပေါ့လေ ဟမ်းး"

"ဟျောင့် မင်းစကားကို အခုချက်ချင်း ပြင်လိုက်! ဒါငါ့ ရဲ့ special guest အရေးကြီး အလုပ်ကိစ္စ ပြောနေတာ"

"ခများ ရဲ့ အရေးကြီး ကိစ္စက အဲ့လောက် ပျော်စရာကောင်းလား အဲ့တာဆို ကျနော် လဲ နားထောင်မယ် ဆက်ပြောကြ"

"JEON JUNGKOOK! မင်းလို အလေလိုက်ပြီး ပျော်ပါးနေတာ မဟုတ်ဘူးကွ"

"ဟက်..! ကျ‌ုပ်က ခများလို နောက်တစ်ယောက် နဲ့ သာယာနေတာ မဟုတ်ဘူးဗျ"

"JEON JUNGKOOK မင်းစကား တွေက ငါ့ ရဲ့ ဧည့်သည် နဲ့ ငါ့ ရဲ့ သိက္ခာ ကို စော်ကားနေပြီနော်"

"အဲ့တော့ ဘာဖြစ်လဲဗျာ"

" မင်း နဲ့ ငါ နောက္မှ ရှင်းမယ်"

"Mr. Min ကျနော် တောင်းပန်ပါတယ်ဗျ"

"ရပါတယ် ကျနော် သွားလိုက်ပါဦးမယ်"

နှောင်ကြိုးWhere stories live. Discover now