Arc 3.4 ~Bai Xie~
6K 543 13
Unicode
"လူကြီး ဘာအရသာနဲ့စားမလဲ
ဘာကြိုက်လဲ"
သူ့ကိုလှည့်မကြည့်ဘဲ ရေခဲမုန့်အရသာရွေးရင်းလှမ်းမေးနေတဲ့ ကောင်လေးက တကယ့်ကလေးလေးလိုပဲ ထူးခြားတဲ့ကလေးတစ်ယောက်ပေါ့။ ဒါပေမဲ့ သူဒီကလေးကိုချစ်လို့မရဘူး တားမြစ်ချက်တစ်ခုလိုပဲ အတိတ်ကအကြောင်းအရာတွေက သူ့ကိုစည်းခြားထားတယ်။
"လူကြီး မေးနေတာလဲမဖြေဘူး"
"ချောကလပ်"
"မထင်ရဘူးနော်"
"ဘာပြောလိုက်တာလဲ"
"ဟင့်အင်း ဦးလေး ချောကလပ်နှစ်ပွဲပေးနော် ပွဲကြီးလုပ်ပေး လူကြီးလာ ဟိုဘက်သွားထိုင်မယ်"
လျိုစစ်မင် ချင်းပိစိဆွဲခေါ်ရာလိုက်နေရတော့သည်။ သူ့ကိုကြောက်ရကောင်းမှန်းမေ့နေသလားပဲ။ အငြိုးအတေးတွေသာမရှိရင် အရာအားလုံးလှပနေမယ်ထင်တယ်။
*အားလျန် ဟိုမိန်းမ ဘာလုပ်နေလဲ*
[Hostတို့အခြေနေစောင့်ကြည့်နေပါတယ်]
*နည်းနည်းလောက် သွေးအန်ခိုင်းကြမလား*
[ဟီးးးး Hostသဘော]
"အ့! လူကြီး ကျွန်တော့်လည်ပင်းမှာအကောင်ကြီးလားမသိဘူး ကျွန်တော်ကြောက်တယ် ဟင့်"
သူ့လည်ပင်းသူအုပ်ပြီး မျက်ရည်အဝဲသားနဲ့ပြောနေတဲ့ ချင်းပိုင်ရှဲ့ကြောင့် လျိုစစ်မင် ဗြာများရတော့သည်။ ဒီကလေးပြောနေပုံက တကယ်ပဲအရမ်းကြောက်နေပုံရတာကြောင့် အုပ်ထားတဲ့လက်ကိုဖယ်ပြီး လည်ပင်းနားကိုတိုးကပ်ပြီးကြည့်တော့ ရုတ်တရက်ရှေ့တိုးပြီး သူ့ပုခုံးကိုဆုတ်ကိုင်လိုက်တဲ့ ပိုင်ရှဲ့ကြောင့် ပိုင်ရှဲ့လည်တိုင်နဲ့စစ်မင်ရဲ့နှုတ်ခမ်းသားတွေထိစပ်သွားသည်။ အဝေးကကြည့်မယ်ဆို သူ့ဘက်ကတမင်နမ်းလိုက်တဲ့ပုံစံမျိုးဖြစ်နေလိမ့်မည်။
"အာ.....သွေ့....သွေ့ပုချိ လူကြီး
ကျွန်တော်ကြောက်လို့"
"အဟမ်းး အင်း"
ပိုင်ရှဲ့အနေရခက်နေတဲ့သူ့လူကြီးပုံစံကိုကြည့်ပြီး ကြိတ်ရယ်နေမိသည်။ ဒီလူကြီး
ဒီလောက်တောင်ရှက်တတ်တာလား တကယ်တမ်းဆို သူကမှရှက်ရမယ့်လူကို။