Arc 5.7 ~Li Jie~
4.7K 398 11
Unicode
၂ရက်ကြာသွားပြီဖြစ်သော်လည်း စစ်သူကြီးကဘာတင်ပြချက်မှယူမလာသေးတာကြောင့် ဖန်းဇယ်စိုးရိမ်နေပြီ လီအော်ကလဲသူ့ကိုလုံးဝတွေ့ခွင့်မပေးပေ။ ကြင်ယာတော်ကလဲ သူနဲ့အိပ်ဖို့အမျိုးမျိုးကြံစည်နေလေ့ရှိသည်။
"အထိန်းတော်ကြီး စစ်သူကြီးကိုခေါ်ချေ"
"အမိန့်တော်အတိုင်းပါ ဧကရာဇ်"
ချန်းဟောက်ဇီ အစောင့်နှစ်ယောက်နဲ့ အပျိုတော်ကိုဖမ်းထားပြီး သက်သေရနိုင်
မယ့်ပစ္စည်းကိုနှင်းဆီခင်းမှာရှာနေပေမဲ့မတွေ့သေးပေ။ ဒီနေ့လည်းနှင်းဆီခင်းမှာထပ်ရှာရအုံးမည်ဖြစ်သည်။ မတွေ့မချင်းရှာပြီးတွေ့မှအားလုံးစုပေါင်းပြီး ဧကရာဇ်ရှေ့မှောက်တင်သွင်းမှာဖြစ်သည်။ ချန်းဟောက်ဇီ ကွေ့ဖေးအဆောင်ဘက်သွားနေစဥ် ဧကရာဇ်အထိန်းတော်ကသူ့ဆီလာနေတာတွေ့လိုက်တာကြောင့် ဆက်မသွားသေးဘဲရပ်နေလိုက်သည်။
"စစ်သူကြီးကို ဧကရာဇ်ကအခေါ်တော်လွတ်လိုက်ပါတယ်"
"ကောင်းပါပြီ"
ချန်းဟောက်ဇီ ဧကရာဇ်ရဲ့နဂါးဆောင်တော်ရှေ့ရောက်တော့ အဆောင်ရှေ့မှာပန်းချီထိုင်ဆွဲနေတဲ့ဧကရာဇ်ကိုတွေ့လိုက်ရသည်။ ဧကရာဇ်ရှေ့ကပန်းချီကားချပ်ထဲကအမျိုးသားရဲ့မျက်နှာကအပြုံးတွေဟာအသက်ဝင်လွန်းလှသည်။
"ပြောင်မြှောက်လှတဲ့လက်ရာပါပဲ ဧကရာဇ်"
"ရောက်ပြီလား​အားဇီ အထိန်းတော်ကြီး
ကိုယ်တော်အားဇီနဲ့နှစ်ယောက်တည်းစကားပြောချင်တယ်"
အထိန်းတော်ကြီးနဲ့ အစေအပါးတွေအားလုံးထွက်သွားတော့ ဧကရာဇ်ထျန့်ဖန်းဇယ် ဧကရာဇ်ဆိုတဲ့ဂုဏ်ကိုတောင်မထောက်ဘဲ
ချန်းဟောက်ဇီရှေ့ဒူးထောက်ချလိုက်သည်။
"ထပါ အားဇယ် မသင့်တော်ဘူး"
"ငါသူ့ကိုအပြစ်မရှိကြောင်းသက်သေပြစေချင်ပြီ
သူကငါ့ကိုလုံးဝအတွေ့မခံဘူး"
"မင်းကိုငါနားလည်ပါတယ် ထပါကွာ ငါ
အမြန်ဆုံးတင်ပြနိုင်အောင်ကြိုးစားပါ့မယ်"
"ကျေးဇူးပါ အားဇီ"
"မလိုပါဘူး မင်းကိုချစ်ခဲ့မိလို့ ငါဘက်ကပေးတဲ့နောက်ဆုံးလက်ဆောင်လို့သဘောထားလိုက်ပါ
ဒီကိစ္စတွေပြီးရင်တော့ ငါ့ကိုချစ်နိုင်မယ့်သူပေါ်လာတာကိုပဲငါစောင့်တော့မယ်"