Arc 10.6 ~Azalea~
2.2K 197 0
Unicode
Azalea Zaynနဲ့တွေ့ပြီး သူ့ရဲ့ကိတ်ဆိုင်လေးကိုသာထွက်လာခဲ့လိုက်သည်။ သူဆိုင်ကိုရောက်ပြီးခဏအကြာမှာတော့ Asterရောက်လာသည်။
"မမ"
"အငယ်လေး ဘယ်တုန်းကပြန်ရောက်တာလဲ"
Asterဟာမိဘတွေသေဆုံးသွားစဥ်ကစ Switzerlandမှာကျောင်းသွားတက်နေခဲ့တာဖြစ်သည်။ အခုမှပြန်ရောက်လာသည့်ညီမဖြစ်သူကြောင့်ဆိုင်ကိုဝန်ထမ်းတွေနဲ့ထားခဲ့ကာအိမ်ကိုခေါ်လာခဲ့သည်။
"မမ Asterသတင်းတွေတွေ့တယ်"
"ဘာသတင်းကိုလဲအငယ်လေး"
"ခယ်အိုရဲ့အကြောင်း ဒီလိုလေမမ Asterရဲ့သူငယ်ချင်းကJennaရဲ့ညီမဝမ်းကွဲလေ သူကတစ်ဆင့်သိရတာ"
"ဒါဆိုဒါကအငယ်လေးပြန်လာရတဲ့အကြောင်းပြချက်လား"
"အဲ့လိုဆိုပေမဲ့ မမကိုလည်းလွမ်းလို့ပြီးတော့တူမလေးကိုလည်းတွေ့ဖူးချင်လို့"
မတွေ့တာကြာပြီဖြစ်တဲ့ညီမဖြစ်သူနဲ့စကားပြောနေလိုက်တာညနေစောင်းမှညစာအတွက်ပြင်ဆင်ရန်မီးဖိုချောင်ကိုကိုယ်တိုင်ဝင်နေသည်ကြောင့်Asterကတော့Floraလေးကိုထိန်းပေးကာအတူဆော့နေကြသည်။ ထိုအချိန်မှာပဲ ခြံရှေ့ကဘဲလ်ကမြည်လာတာကြောင့်Asterကိုတံခါးသွားဖွင့်ခိုင်းလိုက်သည်။
Aster pov:
မိဘတွေဆုံးပါးသွားချိန် အစ်မဖြစ်သူကပါအိမ်ထောင်ပြုသွားခဲ့တာကြောင့် Switzerlandကိုကျောင်းတက်ဖို့ထွက်သွားခဲ့ကာထိုမှာပဲအခြေချဖို့ဆုံးဖြတ်ခဲ့တာဖြစ်သည်။ အစ်မဖြစ်သူနဲ့၃လတစ်ကြိမ်လောက်သာဆက်သွယ်ခွင့်ရခဲ့ပေမဲ့Asterအတွက်မမကအရေးအပါဆုံးသူတစ်ယောက်ဖြစ်တာကြောင့်သတင်းကြားကြားခြင်းUSကိုချက်ချင်းပြန်လာခဲ့ကာ အစ်မဖြစ်သူအတွက်ကူညီဖို့ရောက်လာခဲ့တာဖြစ်သည်။ တစ်ခါမှမတွေ့ဖူးတဲ့တူမလေးနဲ့ဆော့ပေးနေချိန် မမကခြံတံခါးဖွင့်ပေးဖို့အကူညီတောင်းတာကြောင့်ထွက်ဖွင့်ပေးလိုက်တော့ ခပ်ချောချောလူတစ်ယောက်ကိုတွေ့လိုက်ရသည်။ အသားဖြူဖြူမျက်ခုံးတန်းတန်းနဲ့ထိုသူကိုAsterမြင်ဖူးသလိုရှိပေမဲ့သေချာမမှတ်မိပေ။