Arc 8.5 ~Thakhin~
3.9K 326 42
Unicode
"မောင် မာန်ခ လွှမ်းလေး မနက်စာစားမယ်"
"လာပြီကိုကို"
"လာပါပြီပါပါး"×2
မနက်စာဝိုင်းလေးက အရင်လိုခြောက်ကပ်မနေဘဲ ပျော်ရွှင်မှုတွေဝန်းရံထားတဲ့အခါ မူလကိုယ်ပိုင်ရှင်သခင့်အနမ်းကိုတွေးမိတော့ မျက်ရည်ကဝဲလာသည်။
[သခင့်အနမ်းအတွက်Hostအကောင်းဆုံးကြိုးစားပေးနေတာပဲမငိုပါနဲ့]
*ကြိုးစားတာကတော့ငါ့လင်နဲ့မြန်မြန်တွေ့ရဖို့ပါ သတိရတော့သနားမိလို့*
[ဒီဖေ.....ထားပါ spaceထဲမုန့်ထည့်ပေး sandwichနဲ့Milkပဲထည့် ဘီစကစ်နည်းနည်းရော]
*အရေးထဲစောက်ငတ်ကတစ်မျိုး ဒါနဲ့ဇာတ်လမ်းကအရမ်းကြီးအဆင်ပြေလွန်းမနေဘူးလား*
[စိတ်မပူပါနဲ့ မုန်တိုင်းမလာခင်လေပြေလာတဲ့သဘောပါပဲ ဇာတ်လိုက်မကHostကိုCompanyရဲ့နှစ်ပတ်လည်ပွဲနေ့မှာအရှက်ခွဲဖို့စီစဥ်ထားပါတယ်]
"အားးးးးး Daddy"
"လွှမ်းလေး!!!"
အားလျန်နဲ့စကားပြောနေရင်း အိမ်အပေါ်ထပ်ကထွက်ပေါ်လာတဲ့မာန်ခနဲ့လွှမ်းလေးအသံကြောင့် လွှမ်းလေးရဲ့အခန်းထဲပြေးဝင်သွားတော့ လွှမ်းလေးရဲအရှေ့မှာမြွေတစ်ကောင်ရှိနေပြီး လွှမ်းလေးကတော့သတိမေ့နေသည်။ မာန်ခကလွှမ်းလေးရဲ့အခန်းရှေ့မှာစိုးရိမ်တကြီးရပ်နေရင်းအခန်းထဲဝင်ဖို့လုပ်နေတာကြောင့်သခင့်အနမ်းအမြန်သွားကာဆွဲထားတော့မျက်နှာချင်းဆိုင်အခန်းထဲကထွက်လာတဲ့မောင်က သေနတ်ယူကာအခန်းထဲပြေးဝင်သွားသည်။
'ဒိုင်း!!!!!!!!!'
သေနတ်သံနဲ့အတူ ပါးပြင်းထောင်နေတဲ့မြွေကခွေကျသွားသည်။ ထိုအခါမှမောင်ကလွှမ်းလေးကိုချီပြီးအခန်းထဲကထွက်လာသည်။
"ကိုကိုသားကိုဧည့်ခန်းထဲခေါ်သွားလိုက်မောင်မြွေကိုမြေမြုပ်လိုက်အုံးမယ်"
"အင်းမောင် မြွေရဲ့မျက်လုံးကိုတော့ဖျက်ဆီးလိုက် မြွေတွေကအညိုးကြီးပြီးသူတို့ရဲ့မျက်ဝန်းမှာပုံရိပ်ပေါ်တယ်"
"အင်း မောင်သိပြီ"
မင်းရတုပိုင်လက်ထဲကလွှမ်းလေးကိုချီမယ်လုပ်နေတဲ့အချိန် ဘေးကမာန်ခကဦးအောင်ချီပြီးအောက်ထပ်ကိုဆင်းသွားတာကြောင့်သခင့်အနမ်းလည်းအနောက်ကနေသာလိုက်လာခဲ့လိုက်တော့သည်။